ကောလင်းမြို့နယ်၌  ကမစ(၉)နယ်မြေ ကျား/မ ကျောင်းပေါင်းစုံဘောလုံးပြိုင်ပွဲ ဆုပေးပွဲကျင်းပ

ကောလင်း   ၁၈   နိုဝင်ဘာ 

စစ်ကိုင်းတိုင်းဒေသကြီး ၊ကောလင်းမြို့နယ်၌  ကမစ(၉)နယ်မြေ ကျား/မ ကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီက  တောင်ပုံကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။ အခမ်းအနားတွင် မြို့နယ်ပညာရေးမှူး ဒေါ်မာမာအေးက အဖွင့်အမှာစကားပြောကြားပြီး အား/ကားဦးစီးမှူး ဦးသူရလှိုင်က အနာဂတ်၏လူငယ်များ ကာယ၊ဉာဏစွမ်းရည် ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန်၊ ထူးချွန်ထက်မြက်သည့် အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန်နှင့် ကျောင်းများအချင်းချင်း ချစ်ကြည်ရင်နှီးမှု ရရှိစေရန် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် ပြိုင်တွင် ပထမ၊ဒုတိယ၊တတိယဆုရရှိသော ကျောင်းများအား  ချောင်းကွေ့ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းမှ (ကျား)ဘောလုံးအသင်းအား မြို့နယ်ပညာရေးမှူကလည်းကောင်း၊ ပထဆုရရှိသော ဇီးဖြူကုန်းကျေးရွာ အခြေခံပညာအလယ်တန်း(ခွဲ)ကျောင်းမှ (မ)ဘောလုံးအသင်းအား အာ/ကာဦးစီးမှူးကလည်းကောင်း၊ ဒုတိယဆုရရှိသော ဇီးဖြူကုန်းကျေးရွာ အခြေခံပညာအလယ်တန်း(ခွဲ) ကျောင်းမှ (ကျား)ဘောလုံးအသင်းအား၊ လက်ထောက်ပညာရေးမှူး ဦးမောင်ပုကလည်းကောင်း၊ ဒုတိယဆရရှိသော တုံးတင်တပ်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းမှ (မ)ဘောလုံးအသင်းအား လက်ထောက်ပညာရေးမှူး ဦးအောင်လင်းကလည်းကောင်း ပထမဆု ကျပ် ၁သိန်း၊ဒုတိယဆု ၇သောင်းနှင့် တတိယဆု ငွေကျပ် ၅ သောင်းနှင့် ဆုတံဆိပ်နှင့် တံခွန်စိုက်ဆုဖလားကိုများအား တာဝန်ရှိသူများက အသီသီးပေးအပ်ခဲ့သည်။ 


ဘောလုံးပြိုင်ပွဲကို အောက်တိုဘာ ၅ ရက်နေ့မှစတင်ကျင်းပခဲ့ပြီး ဘောလုံးပြိုင်ပွဲသို့ ပြိုင်ပွဲဝင်အသင်း ကျား/မ ၁၄ သင်း ပါဝင်ယှဉ်ပြိင်ခဲ့ကြကြောင်း သိရသည်။


မြင့့််ထွန်းမင်း(ပြန်/ဆက်)