ကျောင်းကုန်းမြို့တွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူ (၁၃)ဦး ရှိပြီဖြစ်

ကျောင်းကုန်း ဇွန် ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ အမှတ်(၄)ရပ်ကွက်၊ မှောသေးနေ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့သူ အမျိုးသမီးနှင့် အတူနေမိသားစုဝင် (၅)ဦးအား Rapid Test  Kit (RTK) စက်ဖြင့် ဇွန် ၂၃ ရက် နံနက်ပိုင်းက စစ်ဆေးရာ ညီမ(၂)ဦးတွင် ရောဂါပိုးတွေ့ရှိခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါပိုး ပထမဆုံးတွေ့ရှိခဲ့သူ အလုပ်လုပ်သော အိမ်ဆောက်ပစ္စည်းဆိုင်ရှိ ဆိုင်ပိုင်ရှင်နှင့် ဝန်ထမ်းများအား Rapid Test Kit (RTK) စက်ဖြင့် ထပ်မံစစ်ဆေးရာ အမျိုးသား(၂)ဦးနှင့် အမျိုးသမီး (၈)ဦးတို့ ထပ်မံ၍ ရောဂါပိုးတွေ့ရှိခဲ့ခြင်းဖြစ်ပြီး ၎င်းတို့အား ချောင်ကြီးတိုက်နယ်ဆေးရုံတွင် စောင့်ကြည့်ကုသပေးလျက်ရှိကြောင်း၊ အားလုံး ကျန်းမာရေးကောင်းမွန်လျက်ရှိကြောင်း ကျန်းမာရေးဌာနက သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)