ကျောင်းဖွံ့ဖြိုးတိုးတက်မှု အထောက်အကူပြု ရန်ပုံငွေပေးအပ်ခြင်းနှင့် ပုံနှိပ်စာအုပ်များဖြန့်ဝေ

ကော့ကရိတ်   ၁၃  ဇွန်

 

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် ၂၀၂၀-၂၀၂၁ ပညာသင်နှစ် ပထမအရစ် ကျောင်းဖွံ့ဖြိုးတိုးတက်မှု အထောက်အကူပြု ရန်ပုံငွေပေးအပ်ခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်ပညာရေးမှူးရုံး အစည်းဝေး ခန်းမတွင် ပြုလုပ်ခဲ့သည်။

 

 

အခမ်းအနားတွင် ကော့ကရိတ်မြို့နယ် ပညာရေးမှူး ဒေါ်ညိုညိုမေက ၂၀၂၀-၂၀၂၁ ပညာသင်နှစ်တွင် ကော့ကရိတ် မြို့နယ်အတွင်းရှိ စာသင်ကျောင်း ၂၉၃ ကျောင်းကို ကျောင်းသားဦးရေအလိုက် ပထမအရစ် ရန်ပုံငွေ ခွဲဝေပေးမှုနှင့် ခေါင်းစဉ်အလိုက် သုံးစွဲရေး၊ ကျောင်းဖွင့်ရာသီတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် သက်ဆိုင်ရာမှ ညွှန်ကြားထားသည့် ညွှန်ကြားချက်နှင့်အညီ လိုက်နာဆောင်ရွက်ရေးတို့ကို ဆွေးနွေးပြောကြားသည်။

 

 

ထို့နောက် ဒုတိယမြို့နယ်ပညာရေးမှူး ဦးရွှေဘက ရန်ပုံငွေ ခွဲဝေချထားပေးမှုနှင့် ပတ်သက်၍ ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းနှင့်အညီ သုံးစွဲရေး၊ ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ရေးတို့ကို ဆွေးနွေးပြောကြားသည်။

 

 

ယင်းနောက် တက်ရောက်လာကြသည့် ဆရာ ဆရာမများကို ခေါင်းစဉ်အလိုက် ရန်ပုံငွေခွဲဝေပေးပြီး ပုံနှိပ်စာအုပ်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

 

ခင်မျိုးဝင်း(ခရိုင် ပြန်/ဆက်)