ကျောင်းသား/ကျောင်းသူများအား  Physical Fitness Dance လေ့ကျင့်သင်ကြားပေး

 

တနင်္သာရီ  ၁၈   ဇန်နဝါရီ

 

ကျောင်းသူ/ကျောင်းသားများအပြင် တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးနဲ့ပညာရည်မြင့်မားရေး အတွက် Physical Fitness Dance နှင့်ကာယလေ့ကျင့်ခန်းများကို ပညာရေးဌာန၊ ပြန်ကြား ရေးနှင့်ပြည်သူ့ ဆက်ဆံရေးဉီးစီးဌာန၊ မြို့နယ်အားကစားနှင့်ကာယပညာဉီးစီးဌာနတို့ ပူးပေါင်း၍  အခြေခံပညာ ကျောင်းများတွင် လေ့ကျင့်သင်ကြားပေးလျက်ရှိရာ ဇန်နဝါရီလ ၁၇ရက်နေ့ မွန်းလွှဲ ၃နာရီ ကာယအချိန်တွင် အ.ထ.က-တနင်္သာရီကျောင်းမှ သတ္တမတန်းကျောင်းသူ/ကျောင်းသား (၁၇၁)ဉီးအား နည်းစနစ်မှူး ဒေါ်ပပထွန်းက သင်ကြားလေ့ကျင့်ပေးခဲ့ကြောင်း သိရှိရသည်။

 

ရှေးဉီးစွာ နည်းစနစ်မှူးဒေါ်ပပထွန်းက Physical Fitness Dance နှင့် ကာယလေ့ကျင့်ခန်း များကို ကျောင်းသား/ကျောင်းသူများအား သင်ကြားပေးရခြင်းရည်ရွယ်ချက်နှင့် ကိုယ်ကာယလေ့ ကျင့်ခန်းများကို နေ့စဉ်ပြုလုပ်ခြင့်ဖြင့် ရရှိမည့်အကျိုးကျေးဇူးများအား ရှင်းလင်းပြောကြားပြီး လေ့ကျင့်ခန်းများ ဆက်လက်သင်ကြားလေ့ကျင့်ပေးရာ ကျောင်းသူ/ကျောင်းသားများက စိတ်ဝင်တစား လိုက်ပါလေ့ကျင့် ဆောင်ရွက်ခဲ့ကြကြောင်းနှင့်မြို့နယ် အားကစားနှင့်ကာယပညာဉီးစီးဌာနအနေဖြင့် ပြင်ပမှပြည်သူ လူထုများ၊ သဘာဝဘိုးဘွားရိပ်သာရှိ အဘိုးအဘွား(၁၇)ဉီးကိုလည်း ကာယလေ့ကျင့် ခန်းများကို နေ့စဉ်လေ့ကျင့်ပေးလျက်ရှိကြောင်း နည်းစနစ်မှူးဒေါ်ပပထွန်းထံမှ သိရှိရသည်။

 

သတင်း-နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)