ချစ်ကြည်ရေး တေးဂီတဖျော်ဖြေပွဲ ကျောက်တံတားမြို့နယ်ရှိ မဟာဗန္ဓုလ ပန်းခြံအတွင်း ကျင်းပ

ရန်ကုန်  ၁၄   နိုဝင်ဘာ

 

ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားမြို့နယ်ရှိ မဟာဗန္ဓုလပန်းခြံအတွင်း၌ မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ်ဖြင့် နိုဝင်ဘာ ၁၃ ရက်နေ့တွင် သီလဝါဆိပ်ကမ်း၌ ရုရှားသင်္ဘော Perekop ဖြင့် ရောက်ရှိနေသော Major Paul Zukob ဦးဆောင်သော အဖွဲ့ဝင်(၁၀)ဦး ပါဝင်သည့် စစ်တီးဝိုင်းသည် ယနေ့ညနေ ၅ နာရီတွင် အဆိုပါပန်းခြံ၌ ချစ်ကြည်ရေး တေးဂီးတများဖြင့် ဖျော်ဖြေခဲ့ကြသည်။

 

အဆိုပါအဖွဲ့ဝင်များသည် နိုဝင်ဘာ ၁၅ ရက်နေ့တွင် မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာသွားမည် ဖြစ်ကြောင်း သိရှိရသည်။

 

အောင်မြင့်(ပြန်/ဆက်)