ချောက်မြို့အထက(၁)ကျောင်း၌ ငလျင်ဘေးအန္တရာယ် ဇာတ်တိုက်သရုပ်ပြသ

ချောက် ၂၂  နိုဝင်ဘာ   

 

မကွေးတိုင်းဒေသကြီး ချောက်မြို့အထက(၁) ကျောင်း၌ ချောက်မြို့နယ် သဘာဝဘေးအန္တရာယ် စီမံခန်ခွဲမှုကော်မတီအဖွဲ့မှ သဘာဝဘေးအန္တရာယ် ပေါ်ပေါက်ပါက အလျင်အမြန် ကယ်ဆယ် ဆောင်ရွက်နိုင်ရန် ကြိုတင်ပြင်ဆင်မှုအနေဖြင့် ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများကို သဘာဝဘေးအန္တရာယ် အသိပညာပေးဟောပြောခြင်းနှင့် ငလျင်ဘေးအန္တရာယ် ဇာတ်တိုက် သရုပ်ပြသခြင်းကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ကျင်းပသည်။

 

ရှေးဦးစွာဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးအရာရှိ ဦးစောမြဖောင်း၊ မြို့နယ်မီးသတ် ဦးစီးအရာရှိ ဦးစိုးညွန့်တို့မှ သဘာဝဘေးအန္တရာယ်ဆိုင်ရာ သိကောင်းစရာများ၊ ဖြစ်ပေါ်ခဲ့ပါက လိုက်နာနေထိုင်ရမည့် နည်းလမ်းများအား အသေးစိတ်ရှင်းလင်းဟောပြောသည်။

 

ထို့နောက် ငလျင်ဘေးအန္တရာယ် သရုပ်ပြဇာတ်တိုက်ခြင်းကို မြို့နယ် မီးသတ်ဦးစီးအရာရှိ ဦးစိုးညွန့်နှင့် သန္ဓေ၊ အရန်တပ်ဖွဲ့ဝင်များက ငလျင်ဘေးဖြစ်ပေါ်လျှင် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများကို အပျက်အစီးကြားမှ ရှင်းလင်းဖယ်ထုတ်ကယ်ဆယ်ခြင်း၊ ဒဏ်ရာရရှိသူ၏ အခြေအနေပေါ်မူတည်၍ ကယ်ဆယ်ဆောင်ရွက်ရမည့် အဆင့်များ၊ ပြိုကျနေသော အဆောက်အဦ တိုက်တာတို့တွင် အပေါက်ပိတ်မိနေပါက အရေးပေါ်ကယ်ဆယ်ရေးသုံး စက်ပစ္စည်းများကို လက်တွေ့အသုံးပြုပြသခြင်း၊ ခေါင်းဆောင်တစ်ဦးမှ အခြေအနေကို သုံးသပ်စီစဉ်၍ အကောင်းဆုံးနှင့် ကယ်ဆယ်ရေးလုပ်ငန်း လုပ်ကိုင်ခြင်းတို့အား ကျောင်းသား၊ ကျောင်းသူ တို့နှင့်အတူ ဇာတ်တိုက်သရုပ်ပြ၍ အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ကျော်မိုး (ပြန်/ဆက်)

 

20191