ချောင်းဆုံတွင် အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား ကျောင်းသူ (၄၃၅၄)ဦးအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခဲ့

ချောင်းဆုံ  အောက်တိုဘာ        ၂၄

 

ချောင်းဆုံမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်း၊ အလယ်တန်းကျောင်း(၃၃)ကျောင်းမှ ကျောင်းသား ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို အောက်တိုဘာ ၁၇ ရက်မှ ၂၃ ရက်နေ့အထိ ကျောင်းသား ကျောင်းသူ(၄၃၅၄)ဦးအား ပထမအကြိမ် အောင်မြင်စွာထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

 

ချောင်းဆုံမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း (၁၄)ကျောင်း၊ အလယ်တန်းကျောင်း (၁၉)ကျောင်းမှ ပထမအကြိမ် ဆေးထိုးပေးမည့်ဦးရေမှာ အထက်တန်းကျောင်းသား ကျောင်းသူ (၁၃၄၉)ဦး အလယ်တန်း ကျောင်းသား ကျောင်းသူ (၃၈၄၁)ဦး စုစုပေါင်း (၅၁၉၀)ဦး ဆေးထိုးနှံပေးရန် လျာထားပြီး အောက်တိုဘာ ၂၃ ရက်နေ့အထိ ဆေးထိုးနှံပြီးသူဦးရေမှာ အထက်တန်းကျောင်းသား ကျောင်းသူ (၁၁၇၉)ဦး၊ အလယ်တန်း ကျောင်းသား ကျောင်းသူ (၃၁၇၅)ဦး စုစုပေါင်း (၄၃၅၄)ဦးအား ထိုးနှံပေးခဲ့ကြောင်း မြို့နယ်ပညာရေးမှူးထံမှ သိရသည်။

ချောင်းဆုံ(ပြန်/ဆက်)