ချောင်းဦးမြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ကုသမှုခံယူနေသည့် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ အမျိုးသမီး(၃)ဦး ကျန်းမာစွာဖြင့်ဆေးရုံမှဆင်း

ချောင်းဦး ၂၂  အောက်တိုဘာ

 

စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦးမြို့နယ် ရွှေကူကျေးရွာအုပ်စု ရွာသစ်ရွာမှအသက်(၄၀) (၂၂)နှစ်နှင့် အသက်(၁၉)နှစ်အရွယ် အမျိုးသမီးငယ်(၃)ဦးသည် ချောင်းဦးမြို့နယ်တွင်  ကိုဗစ်-၁၉ ရောဂါအတည်ပြု လူနာများအဖြစ် မြို့နယ်ပြည်သူ့ဆေးရုံကြီးတွင် သီးသန့်ထားရှိ ကုသပေးလျက်ရှိရာ ယခုအခါ ကျန်းမာရေး ကောင်းမွန်ပြီး ရောဂါပျောက်ကင်းသွား၍ ယနေ့နံနက်ပိုင်းတွင် ဆေးရုံမှဆင်း ခွင့်ပြုလိုက်ပြီ ဖြစ်ကြောင်း သိရသည်။

 

mdn

 

အဆိုပါ အမျိုးသမီးငယ်(၃)ဦးဆေးရုံအား ဆင်းခွင့်ပြုချိန်၌ အနီးကပ်ကုသမှုပေးခဲ့သော ဆရာဝန်ကြီး ဒေါက်တာကျော်ထွန်းဦးက မိမိနေအိမ်တွင် သီးခြား(၇)ရက် နေထိုင်နေစဉ် ဆောင်ရန်၊ရှောင်ရန် အချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

 

ချောင်းဦးမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ(၇)ဦး တွေ့ရှိခဲ့ရပြီး ပထမတွေ့ရှိသူ (၃)ဦးနှင့် ယခုဆေးရုံမှဆင်းခွင့်ပြုသူ (၃)ဦး စုစုပေါင်း (၆) ဦး ရောဂါပျောက်ကင်း၍ ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ရာ မြို့နယ်ပြည်သူ့ ဆေးရုံကြီးတွင် ကုသမှုခံယူနေသူ မင်းခေါင်ကျေးရွာမှ အသက်(၄၁) နှစ်အရွယ် အမျိုးသားတစ်ဦးသာ ကျန်ရှိပြီး ကျန်းမာရေး ကောင်းမွန်လျက်ရှိကြောင်း သိရသည်။

 

ဝင်းမြင့်အောင်(ပြန်ဆက်)