ခြင်ဆေးခွေထွန်းအိပ်ရာမှတစ်ဆင့် မီးလောင်မှု ရွှေပြည်သာမြို့နယ်၌ ဖြစ်ပွား

ရန်ကုန်  ၁၀ ဇူလိုင် 

ရွှေပြည်သာမြို့နယ် အမှတ်(၂)ရပ်ကွက် မင်းလမ်း အိမ်အမှတ် ၂၉၇ ရှိ အပ်ချည်လုံးဂိုထောင်၌ ယနေ့နံနက် စောစောအချိန်က အပ်ချည်ပုံအနီး ခြင်ဆေးခွေထွန်းအိပ်ရာမှ အနီးရှိချည်လုံးပုံပေါ်သို့ မီးကူးစက်လောင်ကျွမ်းခဲ့ကြောင်း သိရသည်။

 

မီးလောင်ရာသို့ ရွှေပြည်သာမြို့နယ် မီးသတ်ဦးစီးမှူး ဦးသွင်ယုနိုင် ဦးဆောင်၍ မီးငြိှမ်းသတ်ယာဉ် (၁၀)စီး အထောက်အကူပြုယာဉ် (၂)စီး၊ ရေသယ်ယာဉ် (၂)စီး၊ အုပ်ချုပ်မှုယာဉ် (၃)စီး၊ သန္ဓေမီးသတ် (၁၁၀) အရန်မီးသတ်(၄၀)တို့ဖြင့် ငြိှမ်းသတ်ခဲ့သည်။

 

မီးလောင်မှုဖြစ်စဉ်ကြောင့် ညစောင့်ဖြစ်သူ ဦးကျော်စိန်အား မြို့မရဲစခန်းမှ အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။

နေမျိုးထွန်း(ရွှေပြည်သာ)