ခင်ပွန်းနဲ့ ကွာရှင်းခဲ့ခြင်းမရှိကြောင်း ဂျန်ဂျီဟွန်း ဆို

တောင်ကိုရီးယားရဲ့ ကျော်ကြားတဲ့ မင်းသမီးတစ်ဦးဖြစ်သူ ဂျန်ဂျီဟွန်းဟာ ခင်ပွန်းဖြစ်သူနဲ့ ကွာရှင်းခဲ့ပြီဖြစ်ကြောင်း သတင်းတွေပေါ်ထွက်ခဲ့ရာမှာ မင်းသမီးဘက်က အဆိုပါအခြေအနေမျိုးမရှိကြောင်း တုံ့ပြန်ခဲ့တယ်လို့ အေးရှားဝမ်းဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။

အဆိုပါသတင်းတွေ ပေါ်ထွက်ခဲ့ပြီးနောက် ဂျန်ဂျီဟွန်းရဲ့ အေဂျင်စီက မင်းသမီးအနေနဲ့ ခင်ပွန်းဖြစ်သူနဲ့ ကွာရှင်းခဲ့ခြင်းမျိုးမရှိကြောင်း၊ အဆိုပါသတင်းတွေဟာ အခြေအမြစ်မရှိတဲ့ သတင်းတွေဖြစ်ပြီး တစ်စုံ တစ်ဦးက ဂျန်ဂျီဟွန်း ကို ထိခိုက်စေဖို့ရည်ရွယ်ချက်နဲ့ ဖြန့်ချိရေးသားခဲ့ခြင်းသာဖြစ်ကြောင်း တုံ့ပြန်ခဲ့ပါ တယ်။ ဒါ့အပြင် အေဂျင်စီက အသက် ၃၉ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဂျန်ဂျီဟွန်းဟာ လက်ရှိမှာ နက်ဖလစ်ဇ်မှ ထုတ်လွှင့်ပြသမယ့် ရုပ်ရှင် Kingdom: Ashin of the North မှာ ပါဝင်သရုပ်ဆောင်ထားပြီး သူ့အတွက် ထိခိုက်စေနိုင်တဲ့ စွပ်စွဲရေးသားမှုတွေကို ဥပဒေအရ အရေးယူသွားမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။

အဲဒီနောက် ဂျန်ဂျီဟွန်းရဲ့ ခင်ပွန်းဖြစ်သူ ချွိုင်ဂျန်ဟွတ်ကလည်း ကောလာဟလတွေဟာ မှန်ကန်မှု မရှိကြောင်း တုံ့ပြန်ခဲ့ပါတယ်။ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သူ ချွိုင်ဂျန်ဟုတ်က ကိုရီးယားနိုင်ငံမှာ အသုံးပြုတဲ့ မက်ဆေ့ခ်ျပေးပို့တဲ့ အပလီကေးရှင်းတစ်ခုဖြစ်တဲ့ ကာကာအိုမှာ “ကျွန်တော် ဂျန်ဂျီဟွန်းရဲ့ ခင်ပွန်းဖြစ်ချင်ပါတယ်လို့” အဓိပ္ပာယ်ရတဲ့ စာသားကို နောက်ခံအဖြစ် ရေးသားဖော်ပြခဲ့တယ်လို့လည်း သိရပါတယ်။

ဂျန်ဂျီဟွန်းနဲ့ ချွိုင်ဂျန်ဟွတ်တို့ဟာ ၂၀၁၂ ခုနှစ်အတွင်း လက်ထပ်ခဲ့ကြတာဖြစ်ပြီး လက်ရှိအချိန်မှာ ရင်သွေးလေးနှစ်ဦး ရရှိခဲ့ပြီးဖြစ်တယ်လို့လည်း သိရပါတယ်။

အေးပြည့်