ချင်းရွှေဟော်မြို့၌ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရသူ တစ်ဉီးထပ်မံတွေ့ရှိ  

ချင်းရွှေဟော်   ၂၅   ဇွန်          

                                                                                                                                                 

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊  လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့အတွင်း နေထိုင်သည့်  အများပြည်သူများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ Rapid Test Kit စနစ်ဖြင့်စစ်ဆေးဆောင်ရွက်ခဲ့ရာ စစ်ဆေးချက်အဖြေအရ ဇွန်လ(၂၅)ရက် နံနက်ပိုင်း က အမှတ် (၂)ရ ပ်ကွက်တွင်နေထိုင်သည့်   အသက်  ၄၁ နှစ် အရွယ်၊   အမျိုးသမီးတစ်ဉီးထံတွင်   ကိုဗစ်-၁၉ ရောဂါပိုး  ထပ်မံ တွေ့ရှိ ခဲ့ကြောင်း သိရသည်။

 

အဆိုပါ ပိုးတွေ့ရှိလူနာအား ဆေးကုသမှုခံယူနိုင်ရန်အတွက် ချင်းရွှေဟော်မြို့၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းကော်မတီ ဉက္ကဌ မြို့အုပ်ချုပ်ရေးမှူး ဉီးသက်ဉီးပိုင် နှင့် ကော်မတီအဖွဲ့ဝင်များက  ပြည်သူ့ဆေးရုံ၊  သီးသန့်ကုသဆောင် သို့ ပြောင်းရွှေ့ပို့ဆောင်ထားပြီး  ၎င်းနှင့်ထိတွေ့ခဲ့ကြသည့် အမျိုးသား (၅) ဉီးနှင့်အမျိုးသမီး (၃) ဉီး၊စုစုပေါင်း (၈) ဉီးတို့အား ကျန်းမာရေး စစ်ဆေးမှုများပြုလုပ်၍     အသွားအလာ ကန့်သတ်စောင့်ကြည့်နိုင်ရန်  Home Quarantine ထားရှိကာ  ၎င်းတို့ နေထိုင်သည့်နေရာအား အသွားအလာကန့်သတ်ထား၍ ပိုးသတ်ဆေးဖျန်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

 

ချင်းရွှေဟော်မြို့တွင်  ဇွန်လ (၂၃) ရက်မှ ယနေ့အချိန်အထိ  ကိုဗစ်-၁၉ရောဂါပိုး အတည်ပြုလူနာနှစ်ဉီးထိရှိပြီဖြစ်ကြောင်း ချင်းရွှေဟော်မြို့၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီမှ သိရသည်။

 

မြို့နယ်၊ ပြန်/ဆက်

mdn