ချင်းရွှေဟော်မြို့တွင် ‌ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေး 

ချင်းရွှေဟော် အောက်တိုဘာ  ၁၈

ရှမ်းပြည်နယ် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့နယ် ချင်းရွှေဟော်မြို့ ကျေးရွာ အသီးသီးတွင် အများစုနေထိုင်ကြသည့် ကိုးကန့်တိုင်းရင်းများနှင့် အခြားသော ဒေသခံတိုင်းရင်းသားများအနက် အသက်(၁၀)နှစ် ပြည့်ပြီးသူများ နိုင်ငံသားစိစစ်ရေးကတ် လဲလှယ်နိုင်ရေးအတွက် အသက် (၁၈)နှစ်ပြည့်ပြီးသူများ၊ အိမ်ထောင်စုစာရင်းတွင် မပါဝင်သေးသည့် မွေးဖွားပြီးသူများ၊ သေဆုံးစာရင်များအား စစ်တမ်းကောက်ယူပြီး အိမ်ထောင်စု လူဦးရေစာရင်း မှန်ကန်မှုရှိစေရေးနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ရရှိနိုင်ရေးအတွက် အောက်တိုဘာ  (၁၈) ရက်နေ့မှ နံနက်ပိုင်းမှ စတင်ပြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ချင်းရွှေဟော် မြို့ဦးစီးမှူးရုံးတွင် စတင်ဆောင်ရွက်ပေးနေကြောင်း သိရှိရသည်။

လောက်ကိုင်မြို့နယ် ချင်းရွှေဟော်မြို့အတွင်းတွင် မြို့ပေါ်(၃) ရပ်ကွက်နှင့် လုံထန်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ (၆) ရွာတွင် ကိုးကန့်တိုင်းရင်းသား အများစုနေထိုင်ပြီး ဗမာ၊ ရှမ်း၊ ကချင်၊ လီဆူ၊ မြောင်ဇီး အစရှိသည့် တိုင်းရင်းသားများလည်းနေထိုင်ကာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့ဦးစီးမှူးရုံးအနေဖြင့် မြို့ပေါ်ရပ်ကွက်ရှိ အိမ်ထောင်စုပေါင်း (၃၄၀) ကျော်အား ဆောင်ရွက်ပေးခဲ့ပြီး ကျေးရွာအသီးသီးမှာရှိသည့် အိမ်ထောင်စုပေါင်း (၃၆၀) ကျော်အား အောက်တိုဘာ  (၁၈) ရက်နေ့မှ (၂၁) ရက်နေ့ထိ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

စည်သူမောင်မောင်