ခင်ဦးမြို့နယ်၌ သစ္စာစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်းဆောင်ရွက်

ခင်ဦး  ၈  ဇန်နဝါရီ

 

စစ်ကိုင်းတိုင်းဒေသကြီး ခင်ဦးမြို့နယ် သက်ပေးကျေးရွာနှင့် တာတိုင်ကျေးရွာတို့တွင် ယနေ့ နံနက် ၁၀ နာရီက သစ္စာစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ ကွင်းဆင်းဆောင်ရွက်ရာတွင် ဒုတိယမြို့နယ် အထွေအထွေအုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်ဦး၊ မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးမှူး ဦးဝင်းနိုင်နှင့် ဝန်ထမ်းများက ကျေးရွာနေပြည်သူ ၂၅၀ ဦးအား နိုင်ငံသား စိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးခဲ့သည်။ 

 

အဆိုပါ နိုင်ငံသား စိစစ်ရေးကတ်ပြားများကို ဇီးတောကျေးရွာ၊ လက်ပံကွက်ကျေးရွာများတွင် ထပ်မံပြုလုပ်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

 

ချစ်စံ(ခင်ဦး)

 

mdn