ခင်ဦးမြို့ပြည်သူ့ဆေးရုံ၌ ဝန်ထမ်းအိမ်ရာလေးထပ်အဆောက်အအုံ ရာနှုန်းပြည့် ဆောက်လုပ်ပြီးစီး

ခင်ဦး   ၂၀   စက်တင်ဘာ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့ ပြည်သူ့ဆေးရုံတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများ နေထိုင်ရန်အတွက် လေးခန်းတွဲ လေးထပ်အဆောက်အအုံ ရာနှုန်းပြည့် ဆောက်လုပ် ပြီးစီးမှုကို မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဌ ဦးချိုလင်းအောင်နှင့် မြို့နယ်အရည်အသွေး စစ်ဆေးရေး ကော်မတီအဖွဲ့တို့က စက်တင်ဘာလ ၁၉ ရက် နံနက် ၁၁ နာရီက ကွင်းဆင်းစစ်ဆေးခဲ့သည်။

 

အဆိုပါ အဆောက်အအုံမှာ အလျား ၆၈ ပေခွဲ၊ အနံ ၅၃ ပေ၊ လေးခန်းတွဲ လေးထပ်အဆောက်အအုံ (RCC) ဝန်ထမ်းအိမ်ရာကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်ကစတင်၍ လင်းခန့်ကြွယ်ကုမ္ပဏီက ငွေကျပ် ၃၃၉ ဒသမ ၃ သန်းဖြင့် ဆောက်လုပ်ခဲ့ရာ ရာနှုန်းပြည့် ဆောက်လုပ်ပြီးစီးသွားပြီဖြစ်ကြောင်း သိရသည်။

 

စိုးဝေအောင်(ခင်ဦး)