ခရမ်းမြို့ နယ်အတွင်းရှိမသန်စွမ်းသူများအားထောက်ပံ့ငွေများပေးအပ်

ခရမ်း  ၁၄  ဇန်နဝါရီ 

 

ရန်ကုန်တောင်ပိုင်းခရိုင် ခရမ်းမြို႕နယ်အတွင်းရှိ မသန်စွမ်းသူများအား ထောက်ပံ့ငွေပေးအပ်ပွဲကို ဇန်နဝါရီ ၁၄ ရက်နံနက် ၁၀နာရီက ခရမ်းမြို႕နယ်အထွေထွေအုပ်ချူပ်ရေးဦးစီးဌာန၏ ဗြဟ္မစိုရ်ခန်းမတွင် ကျင်းပခဲ့သည်။

 

4455

 

အခန်းအနားသို့ ခရမ်းမြို့နယ်ပြည်သူ႔လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမင်း၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးလှတိုး၊ ဦးသိန်းဇော်လတ်၊ မြို႕နယ်အုပ်ချူပ်ရေးမှူးဦးမင်းဆန်းထွန်းနှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက် ကျေးရွာအုပ်ချူပ်ရေးမှူးများစာရေးဝန်ထမ်းများနှင့်မြို႕နယ်အတွင်းရှိ မသန်စွမ်းသူများ တက်ရောက်ခဲ့ကြသည်။

 

အခန်းအနားတွင်မြို႕နယ် ပြည်သူ႔လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမင်းက အဖွင့်အမှာစကားပြောကြား၍ မြို႔နယ်အုပ်ချူပ်ရေးမှူးဦးမင်းဆန်းထွန်းက ထောက်ပံ့ငွေပေးအပ်ရသည့်ရည်ရွယ်ချက်အားရှင်းလင်းပြောကြားကာ မြို႕နယ်တာဝန်ရှိသူများကထောက်ပံ့ငွေများပေးအပ်ခဲ့သည်။

 

ခရမ်းမြို႕နယ်အတွင်း မသန်စွမ်းသူစုစုပေါင်း ( ၄၇၃ )ဦး ရှိပြီးလစဉ်ထောက်ပံ့ငွေများ ပေးအပ်သွားမည် ဖြစ်ကြောင်းမြို ႕နယ်အုပ်ချူပ်ရေးမှူးရုံးမှသိရှိရသည်။

 

ကိုမင်း( ခရမ်း )