ချယ်လ်ဆီးကို ဂိုးပြတ်အနိုင်ယူပြီး အန်ဖီးလ်မှာ ပရီမီယာလိဂ်ဆုဖလားကို သိမ်းပိုက်အောင်ပွဲခံခဲ့သည့် လီဗာပူး

mdn

၂၃ ဇူလိုင်

 

လီဗာပူးအသင်းသည် ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အမှတ်လိုအပ်နေသည့် ချယ်လ်ဆီးအသင်းကို အိမ်ကွင်းမှာ လက်ခံယှဉ်ပြိုင်ကစားခဲ့ပြီး  ငါးဂိုး - သုံးဂိုးနှင့် ဂိုးပြတ်အနိုင်ယူကာ အန်ဖီးလ်မှာ ပရီမီယာလိဂ်ဆုဖလားကို သိမ်းပိုက်အောင်ပွဲခံနိုင်ခဲ့သည်။

 

လီဗာပူးအသင်းဟာ ပွဲစဉ် (၃၇)အပြီးမှာ နိုင်ပွဲ ၃၁ အနိုင်ရခဲ့ပြီး အိမ်ကွင်း အန်ဖီးလ်မှာ ရှုံးပွဲမရှိသေးသည့် မှတ်တမ်းကောင်းတစ်ခု စိုက်ထူသွားနိုင်ခဲ့သည်။ ချယ်လ်ဆီးအသင်းမှာ တဖက်တွင် ယှဉ်ပြိုင်ကစားနေသော မန်ယူအသင်းက ဝက်စ်ဟမ်းအသင်းကို တစ်ဖက် တစ်ဂိုးစီ သရေရလဒ်ထွက်ပေါ်နေမှုကို အခွင့်ကောင်း မယူနိုင်ခဲ့သဖြင့် အမှတ်ပေးဇယား၏ အဆင့် (၃)နေရာကနေဆင်းကာ အဆင့် (၄)နေရာသို့ ရောက်ရှိခဲ့ရသည်။

 

ချယ်လ်ဆီးအသင်းမှာ ပရီမီယာလိဂ် ပွဲစဉ် (၃၈) နောက်ဆုံးပွဲစဉ်အဖြစ် ဝုဗ်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သလို မန်ယူအသင်းမှာ လက်စတာစီးတီးအသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

 

ပရီမီယာလိဂ်ပွဲစဉ် (၃၇) ပွဲပြီးရလဒ်များ

 

မန်ယူ ၁ - ၁ ဝက်စ်ဟမ်း

လီဗာပူး ၅ - ၃ ချယ်လ်ဆီး

 

MDN