ကိုဗစ် - ၁၉ အကြောင်း သိကောင်းစရာ အမေး/အဖြေ အစီအစဉ်

articles_advs

ထက်လျှံ

နေပြည်တော် စက်တင်ဘာ ၂၉

မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ စက်တင်ဘာလ ညနေ ၆ နာရီခွဲတွင် ထုတ်လွှင့်ပြသခဲ့သည့် ကိုဗစ် - ၁၉ အကြောင်း သိကောင်းစရာ အမေး/အဖြေ အစီအစဉ်ကို ပြည်သူများ သိရှိနိုင်ရန်အတွက် ပြန်လည်ဖော်ပြလိုက်ပါသည်။

အစီအစဉ်မှူး။          ၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းကစလို့ ကမ္ဘာတစ်ဝန်းမှာ စတင်ဖြစ်ပွားခဲ့တဲ့ ကိုဗစ် - ၁၉ ကမ္ဘာ့ကပ်ရောဂါဟာ မြန်မာနိုင်ငံမှာလည်း လွန်ခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် မတ်လ ၂၃ ရက်မှာ စတင် တွေ့ရှိ ပြန့်နှံ့လာခဲ့ပြီး ဖြစ်ပါတယ်။

ယခုလက်ရှိမှာလည်း ရန်ကုန်တိုင်းဒေသကြီးမှာ ကူးစက်ပြန့်ပွားမှု များပြားလာတဲ့အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက   တင်းတင်းကြပ်ကြပ် စည်းကမ်းတွေ သတ်မှတ်ဆောင် ရွက်နေခဲ့တာကို ပြည်သူတွေအားလုံးလည်း သိရှိကြပြီး ဖြစ်ပါတယ်။

ဒါနဲ့ပတ်သက်လို့ Coronavirus Disease 2019 (Covid – 19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ ဥက္ကဋ္ဌ ဖြစ်တဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်က နိုင်ငံတော်အစိုးရအနေနဲ့ လေးလေးနက်နက်ထားပြီး ပြည်သူတွေရဲ့ ကျန်းမာရေး အတွက်၊ ပြည်သူတွေရဲ့ လုံခြုံရေးအတွက် အတတ်နိုင်ဆုံးလုပ်ဆောင်ပေးနေ ပါတယ်။   ကိုဗစ် - ၁၉ ရောဂါ နဲ့ပတ်သက်လို့ ကျန်းမာရေးဝန်ကြီးဌာနက ဝန်ထမ်းတွေရော၊ စေတနာ့ဝန်ထမ်းတွေရော အတတ်နိုင်ဆုံး ကြိုးစားပြီးလုပ်ဆောင်နေကြပါတယ်။ အတည်ပြုလူနာအရေအတွက်က များလာတဲ့ အခါမှာ မပြည့်စုံတာတွေ ရှိခဲ့ရင်လည်း သည်းခံပေးကြစေချင်ပါတယ်။   ယခုလည်း နည်းပညာ ပိုင်းဆိုင်ရာ ကူညီပံ့ပိုး အားဖြည့်ပေးရေးအဖွဲ့ဆို ပြီး ကျန်းမာရေးဝန်ကြီး  (အငြိမ်းစား) ပါမောက္ခ ဒေါက်တာကျော်မြင့် ဦးဆောင်တဲ့အဖွဲ့ကို ဖွဲ့လိုက်ပါတယ်။ ပါမောက္ခကြီးတွေ၊ အငြိမ်းစား ပါမောက္ခကြီးတွေ၊ သမားတော်ကြီးတွေ ဝင်လာပြီး လုပ်ပေးတယ်ဆိုတာ အင်မတန်မှ အားရစရာ ကောင်း ပါတယ်။ဆိုပြီးတော့ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ ၂၀ ရက်နေ့က နိုင်ငံအတွင်း ကိုဗစ် - ၁၉ ရောဂါ ဖြစ်ပွားမှု နောက်ဆုံး အခြေအနေနဲ့စပ်လျဉ်းပြီး ပြည်သူတွေကို အစီရင်ခံတင်ပြတဲ့ မိန့်ခွန်းမှာ ပြောကြားခဲ့တာကို မိဘ ပြည်သူများလည်း ကြားသိခဲ့ရပြီး ဖြစ်ပါတယ်။ ယခုဆိုရင် ဆရာကြီး ပါမောက္ခဒေါက်တာကျော်မြင့် ဦးဆောင်တဲ့ နည်းပညာကူညီပံ့ပိုးအားဖြည့်ပေးရေး အဖွဲ့ဟာ လည်း အွန်လိုင်းကနေတစ်ဆင့် စတူဒီယို ထဲမှာ ရောက်ရှိနေကြပြီ ဖြစ်ပါတယ်။

ဒီနေ့ဆွေးနွေးမှုမှာ ဦးဆောင်ဆွေးနွေးသူအဖြစ် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် (ရောဂါနှိမ်နင်းရေး) ဒေါက်တာ သန္တာလွင်က ဆောင်ရွက်ပေးမှာဖြစ်ပြီး နည်းပညာကူညီပံ့ပိုးအားဖြည့်ပေးရေးအဖွဲ့ အဖွဲ့ခေါင်း ဆောင်ဖြစ်တဲ့ ဆရာကြီး ပါမောက္ခဒေါက်တာကျော်မြင့်နဲ့အတူ ဆရာကြီး ဂုဏ်ထူးဆောင် ပါမောက္ခ ဒေါက်တာညွန့်သိန်း တို့ကလည်း ပါဝင်ဆွေး နွေးပေးသွားကြမှာ ဖြစ်ပါတယ်။

ဆရာကြီး / ဆရာမကြီးတို့ အားလုံးမင်္ဂလာပါ။ ဒီနေ့ဆွေးနွေးမှုမှာ ပါဝင်ပြီး ဆွေးနွေးပေးတဲ့ အတွက် ဆရာကြီး / ဆရာမကြီး တို့အားလုံးကို အထူးကျေးဇူးတင်ရှိပါကြောင်း ပြောကြားချင်ပါ တယ်။  ဆွေးနွေးမှုတွေ စတင်ဖို့အတွက် ဆရာမကြီးကနေ စတင်ပြီး ဆွေးနွေးပေးဖို့အတွက် ဖိတ်ခေါ် ပါတယ်။

ဒေါက်တာသန္တာလွင် ။         မင်္ဂလာပါရှင်။ ဒီကနေ့ MRTV မှ ထုတ်လွှင့်တဲ့ အစီအစဉ်အသစ် တစ်ခု ဖြစ်တဲ့ ကမ္ဘာ့ကပ်ရောဂါအသွင်ဖြစ်ပွားနေတဲ့ ကိုဗစ် - ၁၉ ရောဂါနဲ့ ပတ်သက်ပြီး ကျွန်မတို့အနေနဲ့ ဆောင်ရွက်ထားမှုတွေကိုလည်း ဆွေးနွေးနိုင်တယ်၊ မေးမြန်းတဲ့ ပြည်သူတွေက သိရှိလိုလို့ မေးမြန်း တာတွေကိုလည်း ဖြေကြားပေးပို့အတွက် အစီအစဉ်တစ်ရပ်ကို ပါဝင်ခွင့်ရတဲ့အတွက် ကျေးဇူးတင်ပါ တယ်။ ဦးဆောင်ဆွေးနွေးသူအဖြစ်နဲ့ ကျွန်မနဲ့အတူ ဆရာကြီး နှစ်ယောက်ရှိပါတယ်။ ယခု စက်တင် ဘာလ ၂၀ ရက်က စတင်ပြီး ဗဟိုကော်မတီက အဖွဲ့ ဖွဲ့စည်းပေးခဲ့တဲ့ နည်းပညာပိုင်းဆိုင်ရာ ပံ့ပိုးအကြံပြု အားဖြည့်ဆောင်ရွက်ရေးအဖွဲ့ရဲ့ ခေါင်းဆောင်ဖြစ်တဲ့ ကျန်းမာရေးဝန်ကြီးဌာန အငြိမ်းစားဝန်ကြီး ပါမောက္ခဒေါက်တာကျော်မြင့်နဲ့ အဖွဲ့ဝင်ဖြစ်တဲ့ ဆရာကြီး ဂုဏ်ထူးဆောင် ပါမောက္ခဒေါက်တာ ညွန့်သိန်းတို့ရှိပါတယ်။  ဆရာကြီး ဒေါက်တာကျော်မြင့်ကို ကျွန်မ စတင်ပြီး မေးမြန်းချင်ပါတယ်။ ဆရာကြီးတို့အဖွဲ့အနေနဲ့ စက်တင်ဘာလ ၂၀ ရက်နေ့က စတင်ပြီး ဖွဲ့စည်း ပြီးတဲ့နောက်မှာ စတင်ဆောင်ရွက်ထားတဲ့ ကိစ္စလေးတွေကို ဆရာကြီးအနေနဲ့ တင်ပြဆွေးနွေး ပေးစေချင်ပါတယ်။

ပါမောက္ခဒေါက်တာကျော်မြင့်။       ကျေးဇူးတင်ပါတယ်ခင်ဗျာ။ ယခုကဲ့သို့ ကျွန်တော်တို့ ပြည်သူလူ ထုကို ကိုဗစ်ရောဂါနဲ့စပ်လျဉ်းပြီး ပြောပြခွင့်ရတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ ကျွန်တော်တို့  ရန်ကုန်တိုင်းဒေသကြီးအတွင်း ဖြစ်ပွားသော ကိုဗစ် - ၁၉ ကူးစက်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနဲ့စပ်လျဉ်း၍ လိုအပ်သည်များ အကြံပြုနိုင်ရန်အတွက် နည်းပညာပိုင်းဆိုင်ရာ ကူညီပံ့ပိုးအကြံပြုအားဖြည့်ဆောင်ရွက်နိုင်ရေးအဖွဲ့ကို ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟို ကော်မတီက စက်တင်ဘာလ ၂၀ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

 ဒီအဖွဲ့မှာ ခေါင်းဆောင်အဖြစ် ကျွန်တော် ပါဝင်ပါတယ်။ ကျွန်တော်က ကျန်းမာရေးဝန်ကြီး ဌာန အငြိမ်းစားဝန်ကြီး ဖြစ်ပါတယ်။ အဲဒီနောက် ဂုဏ်ထူးဆောင် ပါမောက္ခ ဒေါက်တာ ညွန့် သိန်း (အငြိမ်းစား)  ဆေးပညာဌာနဖြစ်ပါတယ်။ ဒေါက်တာဝင်းမြင့် ဒုတိယဝန်ကြီး (အငြိမ်းစား) ကျန်းမာရေးဝန်ကြီးဌာန ဖြစ်ပါတယ်။ နောက် ပါမောက္ခဒေါက်တာမြင့်ဟန် ညွှန်ကြားရေးမှူးချုပ် (အငြိမ်းစား) ဖြစ်ပါတယ်။ နောက်တစ်ယောက်က ပါမောက္ခ ဒေါက်တာ ဦးစိုးလွင်ငြိမ်း၊ ညွှန်ကြား ရေးမှူးချုပ် (အငြိမ်းစား) ဖြစ်ပါတယ်။ နောက်တစ်ယောက်က ဒေါက်တာဦးသန်းဝင်း ခေတ္တ ညွှန်ကြားရေးမှူးချုပ်၊ ကုသရေးဦးစီးဌာန(အငြိမ်းစား) ဖြစ်ပါတယ်။ နောက်တစ်ဦးက ပါမောက္ခ ဒေါက်တာ ဦးရဲမြသွေးနှင့် သွေးရောဂါကုဌာနမှာ ပါမောက္ခ/ဌာနမှူးအပြင် လက်ရှိကိုဗစ်ရောဂါ ကုသရေးမှာ ပါဝင်လှုပ်ရှားနေတဲ့ ပုဂ္ဂိုလ်တစ်ဦးဖြစ်ပါတယ်။ နောက်ဆုံးတစ်ယောက်က ပါမောက္ခ ဒေါက်တာထင်အောင်စော ဖြစ်ပါတယ်။ သူက မြန်မာနိုင်ငံ ဆရာဝန်အသင်း ဗဟိုဥက္ကဋ္ဌ ဖြစ်ပါတယ်။ ကျွန်တော်အနေနဲ့ ပဏာမအားဖြင့် ဒီလောက်နဲ့ ရပ်နားပါမယ်။

ဒေါက်တာသန္တာလွင်။                   ဆက်လက်ပြီးတော့ ကျွန်မတို့ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနကို ပေးပို့ထားတဲ့  မေးခွန်းတွေထဲကနေပြီး တူရာ၊ တူရာ မေးခွန်းအချို့ကို စုစည်းပြီး ကျွန်မတို့ ယခုရတဲ့ အချိန်လေး အတွင်းမှာ ဖြေကြားသွားဖို့ ဖြစ်ပါတယ်။

ပထမဆုံး အလွန်အမေးများတဲ့ မေးခွန်းတစ်ခုကတော့ ကျွန်မတို့ နိုင်ငံမှာ  ကိုဗစ် - ၁၉ ရောဂါ ကို မတ်လ / ဧပြီလတွေတုန်းက စတင်ပြီး မတ်လမှာ စတင်ခံစားခဲ့ရပြီး မတ်လ / ဧပြီလတုန်းက အဲဒီလောက် လူနာတွေ မများဘဲနဲ့ ကောင်းကောင်း ထိန်းသိမ်းနိုင်ခဲ့တယ်။ ယခု ဩဂုတ်လ အလယ် ကစပြီးတော့ ကိုဗစ် - ၁၉ ရောဂါ ဖြစ်ပွားမှု များပြားလာတယ်ဆိုတာကို တွေ့ရပါတယ်။ ထိန်းသိမ်း ရတာလည်း ခက်ခဲနေတယ်လို့ ယူဆရပါတယ်။ အဲဒီဟာ ဘာကြောင့်ပါလဆိုတဲ့ မေးခွန်းကို မေးထားပါတယ်ရှင့်။

အဲဒီမေးခွန်းကိုတော့ ကျွန်မကပဲ ဖြေကြားပေးပါမယ်။ ကျွန်မတို့ နိုင်ငံအနေနဲ့ တရုတ်နိုင်ငံ ဝူဟန်မြို့မှာ ကိုဗစ်ရောဂါ စတင်ဖြစ်ပွားစဉ်ကတည်းက ကြိုတင်ပြင်ဆင်မှုတွေကို ဇန်နဝါရီလ ၅ ရက် နေ့တည်းက စတင်ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက်မှာ ၂၀၂၀ ပြည့်နှစ် မတ်လ ၂၃ ရက်မှာ ပထမဦးဆုံးသော လူနာကို ကျွန်မတို့ နိုင်ငံမှာ စတင်တွေ့ရှိခဲ့ပါတယ်။ ဒီလိုဆောင်ရွက်မှု တွေအတွက် ကျွန်မတို့ နိုင်ငံအနေနဲ့ ဦးဆောင်ပြီး လမ်းညွှန်ဆောင်ရွက်နိုင်ဖို့အတွက် လိုအပ်တဲ့ မူဝါဒတွေ၊ နည်းဗျူဟာတွေ၊ ချမှတ်ပြီးတော့ ပံ့ပိုးဆောင်ရွက်မှုတွေကို ဦးဆောင်လမ်းညွှန်နိုင်ဖို့ အတွက် ကိုဗစ် -၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီကိုလည်း   ၁၃ - - ၂၀၂၀ ရက်မှာ ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

ထို့နောက်မှာ ကျွန်မတို့အနေနဲ့ မူဝါဒတွေ ချမှတ်ပြီး၊ နည်းဗျူဟာတွေ ချမှတ်ပြီး ဆောင်ရွက် ခဲ့တာ ဖြစ်တဲ့အတွက် ကျွန်မတို့အနေနဲ့ ရှာဖွေတွေ့ရှိလာတဲ့ လူနာတွေကို ကုသနိုင်ဖို့အတွက် ခွဲခြား ပြီးတော့မှ ကုသနိုင်သလို ဒီလူနာတွေရဲ့ အတူနေ မိသားစုတွေ၊ ထိတွေ့ဖူးတဲ့သူတွေ ဒီလူတွေ အကုန် လုံးကိုလည်း ရှာဖွေပြီး သူတို့ရဲ့ ခရီးသွားလာမှုကို ကန့်သတ်ထိန်းချုပ်တဲ့ Quarantine စင်တာတွေမှာ ထားရှိနိုင်ပြီးတော့ ထိန်းချုပ်နိုင်ဖို့အတွက် ကြိုးစားခဲ့ပါတယ်။ တကယ့်နည်း ဗျူဟာက ထိန်းချုပ်နိုင် တဲ့ နည်းဗျူဟာကို ကျွန်မတို့ စတင်ကျင့်သုံးခဲ့တဲ့ နေရာမှာ အပြည်ပြည် ဆိုင်ရာ လေကြောင်းလိုင်းနဲ့ ဝင်ရောက်တာတွေကအစ ထိန်းချုပ်ဆောင်ရွက်နိုင်ခဲ့ပါတယ်။   

နယ်စပ်ဖြတ်ကျော်၊ နယ်စပ်ဒေသတွေမှာ အဝင်အထွက် ဖြတ်ကျော်တာတွေကို ကျွန်မ တို့ရဲ့  ကျန်းမာရေးစစ်ဆေးချက်နဲ့ သူတို့ရဲ့ ခရီးသွားရာဇဝင်ယူပြီးတော့ ထိန်းချုပ်ခြင်းလုပ်ငန်း တွေကို ဆောင်ရွက်နိုင်တယ်။ ပြီးတော့ Stay at Home အမိန့်၊ မိမိအိမ်မှာပဲ နေနိုင်ဖို့အတွက် ကျွန်မတို့ ဒီလမ်းညွှန်မှုတွေကို ဆောင်ရွက်တဲ့အခါမှာ ပြည်သူလူထုတွေက လိုက်နာခဲ့ကြပါတယ်။ ကျွန်မတို့ သင်္ကြန်ကာလမှာလည်း အိမ်မှာနေပါဆိုတဲ့ မေတ္တာရပ်ခံချက်ကို နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ကိုယ်တိုင် ပြည်သူတွေကို ပြောကြားပြီး မေတ္တာရပ်ခံခဲ့တဲ့အတွက် အလွန်ထိရောက်ခဲ့ပြီး ပြည်သူတွေ က အိမ်မှာ နေခဲ့ကြတာကို ကျွန်မတို့ တွေ့ရှိရပါတယ်။

ဒါ့အပြင် ကျွန်မတို့ရဲ့ အထိရောက်ဆုံး ကာကွယ်ခြင်း နည်းဗျူဟာတွေဖြစ်တဲ့ နှာခေါင်းစည်း တပ်ဆင်ဖို့ရယ်၊ ခဏခဏ လက်ကို ဆပ်ပြာနဲ့ စက္ကန့် ၂၀ ကြာ ဆေးဖို့ရယ်၊ Social Distancing တစ်ဦးနဲ့ တစ်ဦး ထိတွေ့မရှိဘဲနဲ့ ခပ်ခွာခွာ ၆ ပေအကွာနေဖို့ရယ် ဆိုတာတွေကို လမ်းညွှန်ခဲ့တဲ့ နေရာ မှာ ပြည်သူလူထုရဲ့ ပူးပေါင်းပါဝင်မှုက သိသာပါတယ်။ ဒါကြောင့်မို့ ပြည်သူလူထုက သေသေ ချာ ချာ လိုက်နာခဲ့တဲ့အတွက် ပထမလှိုင်းလို့ ပြောလို့ရတဲ့ ပထမအကြိမ် မတ်လနဲ့ ဧပြီလမှာဖြစ်တဲ့ ကိုဗစ် - ၁၉ ကို ကျွန်မတို့က ထိန်းချုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီအချိန်မှာ ကျွန်မတို့ ဒေသ အတွင်းမှာ တပ်လှန့်မှုရှိလာပါတယ်။ ပထမကတော့ နိုင်ငံအပြင်က ဝင်လာတဲ့သူတွေထံက ရောဂါ ပိုးက ပါလာတယ်။   ဒါပေမယ့် ကျွန်မတို့ရဲ့ ထိန်းချုပ်ရေးနည်းဗျူဟာကို တိကျစွာ လိုက်နာကျင့်သုံး ခဲ့တဲ့အခါမှာ ကျွန်မတို့ ကောင်းမွန်စွာ ထိန်းချုပ်နိုင်ခဲ့ပါတယ်။

ယခု   ဩဂုတ်လ ၁၆ ရက်ကစပြီး လူနာတွေ ပြန်ဖြစ်လာပါတယ်။ ပြန်ဖြစ်လာတဲ့ ဟာက အခု ရန်ကုန်တိုင်းမှာဆိုရင် တော်တော်လေး အဖြစ်များနေတာ ဖြစ်တဲ့အတွက် ကျွန်မတို့ အနေနဲ့ ဒီနည်း ဗျူဟာတွေအရ ဆက်လက်ထိန်းချုပ်နိုင်ဖို့အတွက် ကြိုးစားပြီးဆောင်ရွက်နေပါတယ်။ Quarantine စင်တာမှာ ထားပါတယ်။ လူနာတွေတွေ့ရင် လူနာတွေမှာ ဒီရောဂါလက္ခဏာတွေ ပေါ်လာ ရင် ဆေးရုံမှာ ထားပြီး စစ်ဆေးကုသပါတယ်။ ဓာတ်ခွဲစစ်ဆေးလို့ တွေ့ရှိရင် လူနာတွေကို ဆေးရုံတင်ပြီး လူနာတွေ ကုသပေးပါတယ်။

ထို့အတူ Contact Tracing ခေါ်တဲ့ ထိတွေ့ထားတဲ့သူတွေကိုလည်း ရှာဖွေပြီးတာ့မှ Quarantine စင်တာထဲမှာ ထားပါတယ်။ ဒီတစ်ခါမှာတော့ ကျွန်မတို့ရဲ့ ကိုဗစ် - ၁၉ ပိုးဟာ မျိုးရိုး ဗီဇ ပြောင်းလဲမှု ရှိနေတယ်ဆိုတာကို ကမ္ဘာ့နိုင်ငံများရဲ့ အတွေ့အကြုံအရ သိထားရပါတယ်။ D614 ကနေ G614 အသွင်ပြောင်းထားတာ ဖြစ်တဲ့အတွက် ကူးစက်ပျံ့ပွားမှုနှုန်း မြန်ဆန်တဲ့ပိုး ဖြစ်ပွား နေတာကို တွေ့ရှိရပါတယ်။ ပြီးတော့ ပထမလှိုင်းတုန်းက ကျွန်မတို့အနေနဲ့ သိပ်ပြီးမသိသာတဲ့ လက္ခဏာ တစ်ခု က ယခုဆိုရင် အနံ့ပျောက်သွားတဲ့ လက္ခဏာကို ပြည်သူလူထုကြားမှာ ထင်ထင် ရှားရှား ပေါ်ထွက်လာ တယ်။ ဒါကနောက်ပြီး ဒေသအတွင်း ပျံ့နှံ့မှုရှိတဲ့အတွက် လူတွေအကြား ကူးစက်မှုက အလွန်မြန် ဆန်နေတဲ့ ပိုးကို ကျွန်မတို့ ယခုရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

ဒါကြောင့်မို့ ကျွန်မတို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်နဲ့အညီ အိမ် မှာ နေပါ။ အိမ်မှာနေပါဆိုတဲ့ မေတ္တာရပ်ခံချက် တွေ ပြီးတော့ ကျွန်မတို့ Stay at Home အမိန့်တွေ ချပြီးထားသလို၊ ကျွန်မတို့ ညွှန်ကြားထားတဲ့ လမ်းညွှန်ချက်တွေအတိုင်း နှာခေါင်းစည်းတပ်ပါ။ လိုအပ်တဲ့ အကာအကွယ်တွေ သုံးပါ။  ဆပ်ပြာနဲ့ ရေနဲ့ စက္ကန့် ၂၀ ကြာ လက်ဆေးပါ။ ၆ ပေအကွာ နေပါလို့ပြောကြားနေရခြင်းဖြစ်ပါတယ်။ ဒီကနေ့ ကျွန်မတို့ ဆွေးနွေးနေတဲ့ ဆရာကြီး နှစ်ပါးက Mask မတပ်ထားပါဘူး။ ကျွန်မက Mask တပ်ထားပါတယ်။   ကျွန်မ အနားမှာ ၆ ပေ အကွာမှာ တခြားသူတွေ ရှိနေတဲ့အတွက် Mask ကို တပ်ထားတာ ဖြစ်ပါတယ်။ ဒီလိုပဲ ၆ ပေအကွာ ဆက်ပြီး နေပါ။ မိမိကိုယ်ကနေ ကာကွယ်ဖို့အတွက် ဒီ Mask ကို တပ်ထားမယ်ဆိုရင် ကျွန်မတို့ ဒီရောဂါကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့  ဒုတိယလှိုင်းမှာ ခက်ခက်ခဲခဲ ထိန်းသိမ်းနေရ တယ် ဆိုပေမယ့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ လမ်းညွှန် ချက်များကို အပြည့်အဝ လိုက်နာဖို့ လိုအပ်ပါတယ်ဆိုတာ ကျွန်မအနေနဲ့ ပြန်လည်ဖြေကြားပါရစေ ရှင့်။

ဆက်လက်ပြီး ဒုတိယမေးခွန်းကို ဆက်လက်မေးမြန်းခွင့်ပြုပါ။ ဒီမေးခွန်းကတော့ ပိုးမျိုးကွဲ တွေ ရှိလာပြီဖြစ်တဲ့အတွက် ကူးစက်မှုများစေပြီး ရောဂါသိပ်မပြင်းထန်ဘူးဆိုပြီး ပြောကြတာ မှန်ပါသလာဆိုတဲ့ မေးခွန်းဖြစ်ပါတယ်။ အဲဒီမေးခွန်းလေးကိုတော့ ဆရာကြီးပါမောက္ခဒေါက်တာ ညွန့်သိန်းက ဖြေကြားပေးစေလိုပါတယ်ရှင့်။

ပါမောက္ခဒေါက်တာညွန့်သိန်း။               ဟုတ်ကဲ့ အဲဒီမေးခွန်းက အင်မတန်အရေးကြီးတဲ့ မေးခွန်း ပါ။ တကယ်လည်း မေးထိုက်တဲ့ မေးခွန်းပါ။ အဲဒါစပြီးတော့ မျိုးကွဲတာ စပြီးပေါ်ထဲက ဒီမေးခွန်းနဲ့ ပတ်သက်လို့ ငြင်းကြခုံကြရင်းနဲ့ပဲ ကျွန်တော်တို့ မြန်မာနိုင်ငံ အပါအဝင် နေရာအနှံ့အပြားမှာ လူနာ တွေ တော်တော်များသွားတာပါ။ အဲဒီ တော့ ခုနတုန်းက ဒေါက်တာဒေါ်သန္တာလွင် ပြောသလိုပဲ  D614 ကနေ G614 ကို ပြောင်းသွားပါတယ်။ ကျွန်တော်တို့စီမှာလည်း ဆေးသုတေသနဦးစီးဌာနက ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဦးဇော်သန်းထွန်းတို့အုပ်စု တွေ့ထားတဲ့ ဟာမှာ G614 တွေ တွေ့နေပြီဖြစ်ပါတယ်။ နိုင်ငံအနှံ့အပြားမှာလည်း G614 တွေ ဖြစ်နေပြီ အဲဒီလို ဓာတ်ခွဲစမ်း သပ်တာတွေ၊ သုတေသနတွေ တွေ့ရှိချက်အရ G614 ရဲ့ ထူးခြားချက်က အားလုံးသေချာ တာတစ် ခုက နံပါတ်() သူသည် အကူးသိပ်မြန်တယ်။ ကူးတာမှ တချို့ ၁၀ ဆ၊ အဆ ၂၀ ပိုများ ပါတယ်။ ဒါက နံပါတ် () သိပ်သေချာပါတယ်။

နံပါတ် () သူက နဂိုတုန်းက D ထက်စာရင် G ကတွယ်ကပ်မှုပိုဖြစ်တယ်။ သူက အသက်ရှု လမ်းကြောင်းထဲဝင်သွားရင် ပိုပြီးတွယ်ကပ်မှုများပါတယ်။ တွယ်ကပ်မှုများတယ်ဆိုထဲက တော် တော် နဲ့ သူက ပြန်မထွက်တဲ့ သဘောပါ။ နံပါတ်()က ဝင်သွားတဲ့ ပိုးအကောင်ရေ Viral load လို့ခေါ်ပါ တယ်။ Viral load လည်း ပိုများတယ်။ ဒါပေမယ့် အဲဒီ G614 ဖြစ်ခါစမှာ နိုင်ငံအနှံ့အပြားမှာ ကျွန်တော် တို့ မြန်မာနိုင်ငံ အပါအဝင် နိုင်ငံအနှံ့အပြားမှာ လူနာတွေက သိပ်မတက်လာပါဘူး။ ဘာလို့မတက် လာလဲဆိုတော့ ပထမလှိုင်းတုန်းက အားလုံးက ဆင်ခြင်ထားတဲ့အတွက်ကြောင့်မို့လို့ ပြောကြစတမ်း ဆိုရင် အသက်ကြီးတဲ့သူတွေ၊ ခုနက ရောဂါအခံရှိတဲ့သူတွေ တော်တော်များများက အိမ်ထဲမှာ နေနေ တယ်။ နောက်ပြီးတော့ ခုနက ပြောခဲ့တဲ့ Mask တပ်တာတို့၊ လက်ဆေးတာတို့၊ Social Distancing ကို လိုက်နာနေတဲ့ အချိန်မှာ ဖြစ်တဲ့အတွက်ကြောင့် လူနာက ရောဂါ မတက်လာဘူး။ ဒါပေမယ့် ခုန တုန်းက လူတွေက အထင်မှားသွားတယ်။ D ကနေ G ပြောင်းသွားတဲ့အခါမှာ   မပြင်းဘူးလို့ထင်တဲ့ Concept ပေါ့။

အမှန်က မပြင်းဘူး / ပြင်းတယ်ဆို တာကို ဘယ်သူကမှ မပြောနိုင်သေးပါဘူး။ အခုဆိုရင် တော့ ပြင်းတယ်ဆိုတာ လူတိုင်းသိသွားပါပြီ။ အဲဒီအချိန်မှာ မပြင်းတာတောင်မှ မပျော့ဘူးဆိုတဲ့ Concept ကို မသိကြတော့ ဪ ပျော့သွားပါပြီ ဆိုပြီးတော့ လူတွေက အရမ်းပေါ့ သွားကြ တယ်။  အရမ်းပေါ့တာမှ အားလုံးဘယ်နိုင်ငံမှာမဆိုပါ မြန်မာနိုင်ငံ အပါအဝင် Holiday ၄ ရက်မှာ သွားလိုက်ကြတာ အများကြီးပဲ။ အဲဒီတော့ နိုင်ငံအနှံ့ အပြားမှာ Mask မတပ်ကြတော့ဘူး၊ လက်မဆေးကြတော့ဘူး၊ Social Distancing မရှိကြတော့ဘူး အဲဒါတွေကြောင့်မို့ပါ။ ဆိုလိုတာက D ကနေ G ပြောင်းသွား တာက   ယခုတော့ ပြောလို့ရပါပြီ ပြင်းတယ်လို့ ပြောလို့ရပါပြီ။

ဒေါက်တာသန္တာလွင်။                  ယခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဆရာကြီး ရှင့်။ နောက်ထပ်မေးခွန်း တစ်ခုကို မေးမြန်းခွင့်ပြုပါရှင်။ နောက်ထပ် မေးခွန်းတစ်ခုကတော့ ကိုဗစ် - ၁၉ ရောဂါအတွက် ယခု ပြောနေကြတဲ့ ပြည်သူတွေက ကြားထဲမှာ သတင်းတစ်ခုရှိပါတယ်။ ဆေး ၄ မျိုးစပ်ကို သောက်ရင် ကာကွယ်နိုင်မလားဆိုတာ ဖြစ်ပါတယ်။ အခြားဘာနည်းတွေနဲ့ ကာကွယ်ရ မလဲ၊ Vitamin C သို့မဟုတ် Vitamin D အဲဒီဆေးတွေကို မဖြစ်မနေ သောက်သုံးရမှာလား၊ Zinc Tablets တွေ သောက်ဖို့ လိုအပ်မလားဆိုတဲ့ မေးခွန်းတွေ ဖြစ်ပါတယ်။ အဲဒီမေးခွန်းလေးတွေကို တော့ ဆရာကြီး ပါမောက္ခဒေါက်တာကျော်မြင့်က ဖြေကြားပေးပါရှင်။

ပါမောက္ခဒေါက်တာကျော်မြင့် ။     ကျေးဇူးအများကြီးတင်ပါတယ် ခင်ဗျာ။ ဒီကိစ္စကလည်း ကျွန် တော်ထင်တယ် အရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီဆေးတွေ သွင်းလာတာတွေ များ တယ်။ လူတွေလည်း ပိုက်ဆံကုန်တယ်ပေါ့။ အဲဒီတော့ မလိုအပ်ရင် မသောက်ကြဖို့၊   မျိုးတွေ ရှိပါတယ်။ ခုနက ဒေါက်တာသန္တာလွင် ပြောတဲ့ ဆေး ၄ မျိုး တို့ အပါအဝင် အစရှိသဖြင့်ပေါ့၊ ဒါတွေက ကျွန်တော်တို့ အနောက်တိုင်းနိုင်ငံတွေမှာ သူတို့မှာ သုတေသနလုပ်ကြတဲ့ သူ့ဌာနနဲ့ သူ၊ သူ့တက္ကသိုလ်နဲ့ သူ အမျိုးမျိုးပြောကြပါတယ်။ သို့သော်ငြား လည်း ယေဘုယျအားဖြင့် တော်တော်များများက ကျွန်တော်တို့ Vitamin C ရယ်၊ Vitamin D ရယ်၊ Zinc ရယ်ကိုတော့ သူတို့ သုံးကြတာ များပါ တယ်။

Vitamin C က   တချို့ဆိုရင် ၁၀၀၀ ၊ တချို့ဆိုရင် ၂၀၀၀ / ၃၀၀၀ သောက်တဲ့သူတွေရှိပါတယ်။ ထိုနည်းတူစွာပဲ Vitamin D လည်း အဲဒီလိုပဲ သူ့ရဲ့ အင်အားကို တချို့ဆို ၁၀၀၀ / ၂၀၀၀ အထိ သောက်တာရှိပါတယ်။   တော်တော်များများက တော့ Zinc ပါ ထည့်ပြီး သောက်ကြပါ တယ်။

ကျွန်တော်တို့ အဖွဲ့ထဲမှာ ဆရာကြီးဦးညွန့်သိန်းရယ်၊ ဆရာကြီးဦးမြင့်ဟန်ရယ်၊ ဒေါက်တာဦး ရဲမြတို့က ကုသရေးမှာ နဂိုထဲက အများကြီးတော်တဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ပါတယ်။ အခုလည်း လုပ်နေပါ တယ်။ သူတို့အနေနဲ့ ပိုပြီးတော့ ကျွမ်းကျင်ပါတယ်။ နောက်ပြီး ဒေါက်တာဦးစိုးလွင်ငြိမ်းတို့၊ ဦးသန်း ဝင်းတို့ ၊ ဒေါက်တထင်အောင်စောတို့ တို့က မြို့နယ်တွေအလိုက်ကို  ကွင်းဆင်းပြီး   ဆွေးနွေးပြီး တော့ ဘယ်လိုနေရမယ်၊ ထိုင်ရမယ်ဆိုတာ အကုန်လုံးသင်ကြားပေးပါတယ်။   အကောင်းဆုံးကာ ကွယ် ရေး နည်းလမ်းကတော့ ပေ အကွာနေပါ။ မကြာခဏလက်ဆေးပါ။ ဆေးရင်လည်း စက္ကန့် ၂၀ ခန့် ဆေးပေးပါ။ နောက်ပြီး  Mask  အမြဲတမ်းတပ်ထားပါ။ လူတွေ သန့်သန့်ရှင်းရှင်းနေဖို့ အဲဒါမျိုးတွေပေါ့လေ။ အဲဒီဟာမှာ ကျွန်တော်တစ်ခုပြောချင်တာက တော်တော် များများ တွေ့ရတာက Mask   မတပ်ဘူးလားဆိုတော့ တပ်တယ်။

ဒါပေမယ့် Mask   ကို လည်ပင်းအောက်မှာချိတ်ထားပြီး လျှောက်သွားနေတယ်။ အဲဒါမျိုးတွေ လည်း တော်တော်များများတွေ့ရပါတယ်။ နောက်ပြီး ဒီနေ့မနက်ပဲ ကျွန်တော် အစည်းအဝေး လုပ်တဲ့ အခါမှာ ကျွန်တော်တို့ထဲက တစ်ယောက်က တင်ပြပါတယ်။ ရပ်ကွက်တွေ၊ လမ်းတွေမှာ တော့ တအားတင်းကြပ်ပြီး ပိတ်ဆို့ထားတယ်။ ရပ်ကွက်တွေထဲမှာတော့ ခြင်းလုံးတွေခတ်၊ ကြိုက် တာလုပ် အဲဒီလို လုပ်နေတာမျိုးတွေ တွေ့ရပါတယ်။ Mask  တွေလည်း မတပ်ကြဘဲနဲ့။ အဲဒါမျိုးတွေက တဖြည်းဖြည်းနဲ့ ကျန်းမာရေး ပညာပေးပြီးတော့ သူတို့နားလည်အောင် ရှင်းပြရမှာ ဖြစ်ပါတယ်။ အခု ကျွန်တော်တို့ နိုင်ငံတော်အနေနဲ့ပေါ့လေ အသွားအလာတွေ ကန့်သတ်တာတွေ၊ ရောဂါကို တစ်မြို့နယ်ကနေ တစ်မြို့နယ် ၊ တစ်ပြည်နယ်ကနေ တစ်ပြည်နယ် မကူးအောင် လုပ်တာ အဲဒါက တစ်ပိုင်းပေါ့လေ။

ခုနက ဆရာမကြီး ဒေါ်သန္တာလွင် ပြောသလို Stay at Home အိမ်မှာပဲနေပါ။ အဲဒါစိတ် အချရဆုံးပဲ။ အပြင်မသွားရင်ရောဂါမဖြစ်တော့ဘူး။ ကိုယ့်အိမ်ကိုလည်း ဧည့်သည်အလာမခံပါနဲ့။ ဧည့်သည်လာရင် ဧည့်သည်က ရောဂါ ပါလာ၊ မလာဆိုတာ ပြောလို့မရဘူး။ ဧည့်သည်လာရင်လည်း ဧည့်သည်ကို Mask   တပ်ခိုင်းထားပါ။ ကိုယ်ကလည်း Mask  တပ်ပြီး စကားပြောပါ။ အဲဒါမျိုးတွေကို ကျွန်တော်တို့ ပြောချင်ပါတယ်။

နောက်တစ်ခုက အခုရောဂါဆိုတာ   ပြင်းထန်ပါတယ်။ သူရဲ့ အဓိကကူးစက်မှုက အတော်ကို သေချာသလောက်ပဲ။ ချောင်းဆိုးလိုက်တယ်၊ နှာချေလိုက်တယ် ဆိုရင် လေထဲမှာလွင့်သွားပြီး   လူတစ်ယောက် Mask  မတပ်ဘဲလျှောက်သွားလို့ အဲဒါတွေကို ရှူမိရင် သူကကူးသွားနိုင်မှာ ဖြစ်ပါတယ်။ အဲဒါတွေက သိပ်ကို အရေးကြီးတဲ့ အချက်အလက်တွေဖြစ်ပါတယ်။ ဒါတွေကို ကျန်းမာရေးပညာပေးစာစောင်တွေမှာလည်း ပါပါတယ်။ ရုပ်မြင်သံကြားတွေမှာလည်း နေ့တိုင်းလိုလိုပဲ သရုပ်ဆောင်တွေက ပြောပြနေပါတယ်။ လက်ဆေးဖို့ သီချင်းဆိုပြီး ပြောပြ အမျိုးမျိုး ပေါ့လေ။ ဒါတွေက သိပ်ပြီး အရေးကြီးပါတယ်။

နောက်တစ်ခုက မိမိကိုယ်ကို မိမိ ကျန်းမာအောင်နေဖို့၊ ထမင်းအချိန်မှန်မှန်စားဖို့၊ မှန်မှန်အိပ်ဖို့၊ အရေးအကြီးဆုံးက မှန်မှန်အိပ်ဖို့ပဲ ။ အဲဒါလေးတွေ နေဖို့ထိုင်ဖို့ အရေးကြီးပါတယ်။ နောက် အဓိကက အပြင်တွေကို သိပ်မထွက်ဖို့ ၊ လိုအပ်မှထွက်ဖို့ ၊ ထွက်ရင်လည်း Mask သေချာ တပ် သွားမယ်။ ကိုယ် သွားမယ့် ဈေးသော်လည်းကောင်း၊ ဆေးဆိုင်သော် လည်းကောင်း သွားမယ်ဆိုရင်လည်း ကိုယ်နဲ့ နီးစပ်တဲ့သူနဲ့ အနည်းဆုံး ၆ ပေအကွာ နေထိုင်မယ်။ အဲဒီလိုတွေ စည်းကမ်းလိုက်နာမယ်ဆိုရင် ဒီ ရောဂါ က မကူးစက်နိုင်ပါဘူး။

အခု ဒီလိုပြောနေတာတွေဆိုရင် အချို့လူတွေက သိပ်ပြီးသဘောမပေါက်ဘူး။ သဘောပေါက် လည်း အချို့လူတွေက သိပ်ဂရုစိုက်စရာမလိုပါဘူး၊ ကိစ္စမရှိပါဘူး။ အဲဒီလိုပဲ ပေါ့ပေါ့ဆဆတွေးကြပါ တယ်။ မဟုတ်ပါဘူး။ ဒီရောဂါက သိပ်ပြီး ကြောက်စရာကောင်းပါတယ်။ သက်ကြီးပိုင်းဆိုရင် ဒီရောဂါနဲ့ သေဆုံးနှုန်းက များပါတယ်။ သက်ကြီးပိုင်း ၇၀ / ၆၀ အခြားရောဂါပါရှိမယ်။ ဉပမာ -နှလုံးရောဂါ၊ ဆီးချိုရောဂါတို့ပါရှိမယ်ဆိုရင်ရောဂါရဲ့ ဒဏ်က ပိုပြီးခံရပါတယ်။

အသက်ဆုံးရှုံးသွားတဲ့အထိကို ခံရပါတယ်။ ဒါလေးတွေကို ကျွန်တော်တို့လည်း ဂရုတစိုက် သေချာကို လိုက်နာပြီးလုပ်မယ်ဆိုရင် တစ်အချက်က Transmission တစ်ယောက်နဲ့တစ်ယောက် ကူးစက်တာပျံ့ပွားတာပိတ်သွားမယ်ဆိုရင် ဒီရောဂါက သူ့ဟာသူအလိုလို ကင်းငြိမ်းသွားမှာ ဖြစ်ပါတယ်။အဲဒီတော့ ကျွန်တော်တို့အနေနဲ့ အခုလို ရုပ်မြင်သံကြားက ဟောပြောမယ်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အနေနဲ့  စေတနာရှိစွာနဲ့ ကျွန်တော်တို့ကို ပြည်သူလူထုကို ဒီလို ဟောပြောပွဲတွေ လုပ်ပေးမယ်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင်လည်း တစ်လတစ်ခါ လောက် အစီရင်ခံ တင်ပြပေးတယ်။ နောက်ပြီး ရုပ်မြင်သံကြားတွေကလည်း ထုတ်လွှင့်ပေးတယ်။ ဒါလေးတွေကို ပေါ့ပေါ့ဆဆမဟုတ်ဘဲနဲ့ သေချာလိုက်နာမယ်ဆိုရင် ဒီရောဂါက တစ်နေ့နေ့ကျရင် ပျောက်ကွယ်သွား မှာဖြစ်တယ်လို့ ကျွန်တော့်အနေနဲ့ ယူဆပါတယ်။ ကျွန်တော့်အနေနဲ့တော့ ဒီလောက်ပါပဲခင်ဗျာ။ ကျေးဇူးတင်ပါတယ်။

ဒေါက်တာသန္တာလွင်။         ။ ယခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဆရာကြီးရှင့်။ နောက်ထပ်မေးခွန်းတစ်ခုကတော့ ယခုလုပ်နေတဲ့ လူနာတွေနဲ့ ထိတွေ့တဲ့သူတွေကို ရှာဖွေတားဆီး ထိန်းသိမ်းတဲ့ လုပ်ငန်းစဉ်ကို ဘယ်လောက်ကြာကြာဆက်လုပ်ရမှာလဲလို့ မေးထားတဲ့ မေးခွန်းဖြစ်ပါ တယ်။ အဲဒီမေးခွန်းကို ကျွန်မဖြေကြားပေးပါမယ်ရှင်။

ကျွန်မတို့အနေနဲ့က ကိုဗစ် - ၁၉ ပိုးဖြစ်စေတဲ့ ပိုးရှိတဲ့လူနာတွေနဲ့ ထိတွေ့ထားတဲ့လူတွေကို ရှာဖွေဖော်ထုတ်ပြီး အသွားအလာကန့်သတ်ပြီးထားရှိတဲ့ လုပ်ငန်းစဉ်ကို ထိန်းချုပ်ရေး လုပ်ငန်းစဉ် တစ်ခုအနေနဲ့ နည်းဗျူဟာထဲမှာ ပါဝင်ပြီး‌ ဆောင်ရွက်လျက်ရှိပါတယ်။ တင်းတင်းကြပ်ကြပ်ကို ဆောင်ရွက်ပါတယ်။ ကျွန်မတို့ ခွဲခြားထားမှုအရ ထိတွေ့မှုသတ်မှတ်ထားတဲ့၊ အဓိပ္ပါယ်ဖော်ထား တဲ့  Definition တွေအရ Primary Contact Secondary Contact ဆိုပြီး Contact တွေကို ထိတွေ့မှု အခြေအနေအပေါ်မှာ မူတည်ပြီး ခွဲခြားထားပြီး Primary Contact ဆိုတာထိတွေ့မှု ပိုပြီးတော့ နီးစပ်တယ်ဆိုရင် ကျွန်မတို့ သူတို့ကို ကွာရန်တင်းစင်တာတွေမှာထားပြီး ရောဂါရှိ/မရှိ စစ်ဆေးပေး ပါတယ်။

ဒီလုပ်ငန်းကို လုပ်ခြင်းအားဖြင့် ကျွန်မတို့အနေနဲ့ လျင်လျင်မြန်မြန် လွယ်လွယ်ကူကူ ပိုးတွေ့ ထားတဲ့လူနာနဲ့ ထိစပ်ပြီး  ချိတ်ဆက်ပြီး တခြားသောကူးစက်နိုင်စွမ်းရှိနေတဲ့၊ ပြည်သူတွေထဲမှာ ရှိနေတဲ့ လူတွေကို ရှာဖွေဖော်ထုတ်နိုင်တာဖြစ်ပါတယ်။ ဆင့်ပွားဆင့်ပွား တစ်ယောက်ကနေ တစ်‌ယောက် ရောဂါကူးစက်သွားတာဖြစ်တဲ့အတွက် တစ်ယောက်ကနေ အချိန်နောက်ကျတာနဲ့အမျှ ကြာလေကြာလေ ထိတွေ့တဲ့သူကို ရှာမတွေ့ရင် သူကနေ ထပ်ဆင့်၊ ထပ်ဆင့် ကူးသွားနိုင်တဲ့ အခွင့်အလမ်းအရမ်းများပါတယ်။ ထပ်ဆင့်ကူးသွားတဲ့အတွက် တစ်ဆကနေ နှစ်ဆ ရုတ်တရက် အမြန်ဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့်မို့လို့ ကျွန်မတို့အတွက် အချိန်နဲ့အမျှ အရေးကြီးတာသည် ပိုးတွေ့လူနာနဲ့ ထိစပ်နေတဲ့သူတွေကို၊ ထိတွေ့ဖူးတဲ့သူတွေကို Contact တွေကို ကျွန်မတို့က ကွာရန်တင်းအချိန်မီ ရှာဖွေထိန်းသိမ်းထားဖို့သည် ကျွန်မတို့အတွက် အလွန်အရေးကြီးတဲ့ ထိန်းချုပ် ရေးလုပ်ငန်းစဉ်ဖြစ်ပါတယ်။

အဲဒီလုပ်ငန်းစဉ်ကို အကောင်အထည်ဖော်နေတဲ့အခါမှာ ဘယ်လောက်ကြာကြာ ဆက်လုပ်ရ အုံးမှာလဲဆိုတော့ လူနာတွေရှိနေသရွေ့ ထိတွေ့တဲ့သူတွေလည်း ရှိနေအုံးမှာဖြစ်တဲ့အတွက် ကျွန်မတို့ အနေနဲ့ အခုအခြေအနေအထိ တွေ့ရှိထားတဲ့ တွေ့ရှိချက်အရ အဲဒီ Contact  တွေကြားထဲက ဓါတ်ခွဲ စမ်းသပ်မှု ၁၀၀ မှာ ၁၈ ယောက်က ကိုဗစ် - ၁၉ ရောဂါပိုး ကူးစက် ခံထားရတယ်လို့ ကျွန်မတို့ တွေ့ရှိ ထားရပါတယ်။ ဒါကြောင့်မို့လို့ ကျွန်မတို့ဟာ လူနာတွေရှိရင် ဆက်လုပ်နေရအုံးမှာဖြစ်တယ်။

ဒီကိုဗစ် - ၁၉ ရောဂါဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က မတ်လ ၁၁ ရက်မှာ ကမ္ဘာ့ကပ် ရောဂါလို့ ကြေညာခဲ့တာဖြစ်တဲ့အတွက် ဆက်လုပ်ရမယ့်အချိန်ကတော့ ကပ်ရောဂါ မဟုတ်တော့ဘူးလို့ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့က ပြန်လည်ကြေညာတဲ့အချိန်အထိတော့ ကျွန်မတို့ဆက်လုပ်ရအုံးမယ့် အနေ အထားရှိပါတယ်။ ကျွန်မတို့ တော်တော်ကြီးကို ဆက်လုပ်ရအုံးမှာပါ။ ရောဂါရဲ့ ထိန်းချုပ်မှုအနေ အထားက လူတိုင်းအားလုံး၊ ပြည်သူအားလုံးက ဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်တွေကို အားလုံး လိုက်နာမှသာ ဖြေလျော့မှုတွေဟာ နောက်ပိုင်းမှာရှိလာနိုင်မှာ ဖြစ်ပါတယ်။

ဆက်လက်ပြီးတော့ နောက်ဆုံးမေးခွန်းလေးတစ်ခုကို ကျွန်မဆက်လက်ပြီးတော့ မေးမြန်း ပါရစေရှင်။ ကျွန်မတို့ရဲ့ ရရှိထားတဲ့အချိန်အတွင်းမှာ နောက်ဆုံးမေးခွန်းဖြစ်ပါတယ်။ ကိုဗစ်-၁၉ ရောဂါအတွက် ကာကွယ်ဆေးနဲ့ကုသဆေးတွေကို အခြေအနေအရ မည်မျှရှာဖွေတွေ့ရှိပြီးတော့ မည်သည့်အတိုင်းအတာအထိ ရောက်ရှိနေပြီလဲ။ ဒီရောဂါကာကွယ်တိုက်ဖျက်ဖို့၊ ကုသဖို့ ကာကွယ် ဆေးတွေ ပေါ်လာပြီလား။ ပေါ်လာပြီဆိုရင်လည်း ကျွန်မတို့ နိုင်ငံအနေနဲ့ ရရှိနိုင်ပါ့မလား။ သုံးစွဲ နိုင်ပါ့မလားဆိုတဲ့ မေးခွန်းဖြစ်ပါတယ် ဒီမေးခွန်းကိုတော့ ဆရာကြီး ဂုဏ်ထူးဆောင် ပါမောက္ခ ဒေါက်တာညွန့်သိန်းက ဖြေကြားပေးပါရှင်။

ပါမောက္ခဒေါက်တာညွန့်သိန်း      ဟုတ်ကဲ့ခင်ဗျ၊ ဒီမေးခွန်းကလည်း ကျွန်တော်တို့ ပြည်သူလူထု အားလုံး စိတ်ဝင်စားနေတဲ့ မေးခွန်းဖြစ်ပါတယ်။ ဒီရောဂါကြီး စပေါ်ကတည်းက ကမ္ဘာပေါ်မှာ ရှိတဲ့ နိုင်ငံအားလုံးက သိပ္ပံပညာရှင်အားလုံးက တစ်ဖက်မှာ ဒီလိုထိန်းချုပ်နေသလို တစ်ဖက်မှာလည်း ရောဂါနဲ့ ပတ်သက်လို့ ရှာဖွေနေကြတယ်။ ကိုဗစ်ရောဂါပိုးရဲ့ ပြဿနာကလည်း တစ်နေ့တစ်နေ့ကို တစ်မျိုးတစ်မျိုး တွေ့တွေ့နေပါတယ်။

ဒီကပ်ရောဂါကြီး ပျောက်သွားဖို့က အဓိကအချက်က ၃ ချက်ပါ။ တစ်ချက်က သူ့ကို နိုင်နိုင် နင်းနင်းကုသနိုင်မယ့် ဆေးပေါ်လာရင်၊ ဒုတိယအချက်က သူ့ကိုလုံးဝကာကွယ်နိုင်မယ့် ကာကွယ် ဆေးပေါ်လာရင်၊ တတိယအချက်က ကြောက်ဖို့ကောင်းပါတယ်။ စခါစမှာ တချို့နိုင်ငံကြီးတွေက အဲဒါလုပ်လိုက်ပြီ‌တော့ ဒုက္ခရောက်သွားတာ။ Herd Immunity ခေါ်ပါတယ်။ ရောဂါကို ပေးဖျက် လိုက်ပြီးတော့ လူရဲ့ ၇၀ ရာခိုင်နှုန်း၊ ၈၀ ရာခိုင်နှုန်း ဖြစ်သွားပြီး လူတွေက ရောဂါပြီးသွားတယ်ပေါ့။ အဲဒါကို Herd Immunity ကိုအားကိုးပြီး ပထမပိုင်းတုန်းက ဒါကြီးကတော့ သိပ်မဖြစ်လောက် ပါဘူးဆိုပြီးတော့ လုပ်ခဲ့တဲ့ USA နဲ့  UK မှာ အားလုံးသိတဲ့အတိုင်းပါပဲ။ ယူအက်စ်အေဆိုရင် ထိပ်ဆုံးကို ဖြစ်သွားတယ်။        သိန်းနဲ့ သန်းနဲ့ချီ ဖြစ်ကုန်ကြပါတယ်။ အဲဒီတော့ Herd Immunity ကို မေ့ထားရ တော့မယ်။

အခုမေးတဲ့ မေးခွန်းအရ နံပါတ်တစ်က ကာကွယ်ဆေး၊ နံပါတ်နှစ်က ကုသဆေး ဖြစ်ပါတယ်။ အဲဒီကာကွယ်ဆေးကို ကမ္ဘာပေါ်မှာလုပ်နေတာ အမျိုး ၂၀၀ ကျော်ပြီ။ ကာကွယ်ဆေးတစ်ခုဆိုတာ ဒီအတိုင်းကာကွယ်တယ်ဆိုပြီး လုပ်လို့မရဘူး။ တစ်ဖက်က ကာကွယ်နိုင်သလို နောက်တစ်ဖက် ကလည်း အန္တရာယ်မရှိဘူးဖြစ်ရမယ်။ နောက်တစ်ခုက ကာကွယ်တယ်ဆိုတာလည်း ဘယ်လောက် ကာကွယ်နိုင်မလဲ၊ တစ်လ ကာကွယ်မလား၊ နှစ်လ ကာကွယ်မလား၊ တစ်နှစ် ကာကွယ်မလား၊ နောက်ပိုင်း လူတိုင်းလူတိုင်း ထိုးလို့ရနိုင်မလား အဲဒါတွေကို အခုလောလောဆယ် ကျွန်တော်တို့ သိပ္ပံပညာစကားနဲ့ ပြောမယ်ဆိုရင်တော့  Phase တွေရှိပါတယ်။ Phase 3 ကျော်သွားတာ ကမ္ဘာ ပေါ်မှာ သတ်မှတ်ထားတာ ၆ ခု၊ ၇ ခုလောက်ပဲ ရှိပါသေးတယ်။ ဒါပေမယ့် လူတွေမှာ သုံးလို့ မရသေး ပါဘူး။ တစ်လောကအားလုံးသိကြပါတယ်။ ရုရှမှာ စပေါ်လာတယ်လို့ပြောတယ်။ သူတို့နိုင်ငံမှာလည်း သုံးနေတယ်။ ဒါပေမယ့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကရော၊ US CDC ကရော ရာနှုန်းပြည့်တော့ သူတို့က အားမပေးသေးဘူး။ ပြန်စမ်းပါအုံးလို့ ပြောနေတယ်။

အဲဒီတော့ ကာကွယ်ဆေး အခြေအနေက ဒီနှစ်ကုန်ပိုင်းလောက်မှ၊ ဒါမှမဟုတ် နောင်နှစ်ဆန်းလောက်မှ စိတ်ချလက်ချသုံးရမယ်ဆိုတာ တစ် ကမ္ဘာလုံးက လက်ခံထားပါတယ်။ အဲဒီတော့ ကာကွယ်ဆေးကတော့ ရာနှုန်းပြည့်အားကိုးလို့ မရ သေးပါဘူး။

ကုသတဲ့ဆေးဆိုတာလည်း ရှင်းရှင်းပြောရရင် စပေါ်ရင် မတ်လကတည်းက စပြီးတော့ ဆေးတွေပေါင်းစုံရှာကြတယ်။ ဒီနေ့အထိတော့ ဘယ်ဆေးကတော့ ကိုဗစ်ကို ရာနှုန်းပြည့်နိုင်တယ် ပြောလို့ရတဲ့ ဆေးတစ်ခုမှ မရှိသေးပါဘူး။ ဒါပေမယ့် မျှော်လင့်ချက်ရှိတဲ့ ဆေးလေးတွေ ရှိတယ်။ အားလုံးပြောပြောနေတယ်။ အခုလည်းမေးမယ့်အထဲမှာ ပါလာမယ်ထင်ပါတယ်။ Remdesivir ဆိုတဲ့ဆေး၊ Gilead ကုမ္ပဏီကထုတ်တဲ့ဆေး အဲဒီဆေးဆိုလည်း  အခုဆေး တစ်ခုသုံးတော့မယ်ဆိုရင် FDA လို့ခေါ်တဲ့ အစားအစာနှင့် ဆေးဝါးကွပ်ကဲရေးအဖွဲ့ဆိုတာ ရှိပါတယ်။ အဲဒီအဖွဲ့ကလည်း ခုနပြော သလို အဆင့်တွေ လုပ်ပြီးတော့မှ လူတွေအားလုံးကို အန္တရာယ်မရှိဘူး၊ အာနိသင်လည်း ရှိတယ်ဆိုမှ ထုတ်ပေးရတာ။ အဲဒီ အခု Remdesivir ဆိုတဲ့ ဆေးလို အခု USA မှ FDA က ရာနှုန်းပြည့်ပေးတာ မဟုတ်ပေမယ့် EUA ခေါ်တဲ့ အရေးပေါ်အသက်ကယ်ရမယ့် လူတွေအတွက်ဆိုပြီး ထုတ်ပေးနေတာ တွေရှိပါတယ်။ သူကနေ အခြားနိုင်ငံတွေမှာ ခွဲလုပ်ပေးနေတာတွေလည်း ရှိပါတယ်။

ထပ်ပြီးတော့လည်း လူတွေကို သောင်းနဲ့ချီပြီး စစ်နေတာတွေ ရှိပါတယ်။ ကျွန်တော် သိသ လောက်ကတော့ ခုနအချိန်အတိုင်းအတာအရ ဆရာမဒေါ်သန္တာလွင်‌ ပြောသလိုပေါ့။ အတိအကျ ဆေးဝါးနဲ့ပတ်သက်လို့ကတော့ နောက်ရက်တွေမှာ နောက်ထပ်ပညာရှင်တစ်ယောက်က အစအဆုံး ဖြေပါလိမ့်မယ်။ အတိုချုပ်ဖြေရရင် ကာကွယ်ဆေးရော၊ ကုသဆေးရော ရာနှုန်းပြည့် ပြောလို့ရတဲ့ ဆေးမရှိသေးပါဘူး။ ကာကွယ်ဆေးက ရနိုင်ပါ့မလားဆိုတဲ့ စကားလုံးကတော့ တစ်နေ့ကလည်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ပြောသွားပါပြီ။ မှန်ပါတယ်။ နိုင်ငံကြီးတွေက ထုတ်တော့ နိုင်ငံကြီး တွေက ဈေးကြီးမယ်။ ဒါပေမယ့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဦးစီးပြီး ကျွန်တော်တို့ နိုင်ငံကနေ သတ်မှတ်ထားတဲ့ အဖွဲ့အစည်းတွေ ရှိပါတယ်။ အဲဒီအဖွဲ့အစည်းတွေနဲ့ ချိတ်ထားပါတယ်။ တကယ် တမ်းဖြစ်လာရင် ကျွန်တော်တို့ ရအောင်ယူနိုင်မယ့် အဆက်အသွယ်တွေ၊ အစီအစဉ်တွေ အားလုံး လုပ်ထားပါတယ်။ အများထိုးပြီဆိုရင်တော့ မြန်မာနိုင်ငံမှာလည်း   ထိုးရမယ့် သဘောရှိပါတယ်။

ကုသဆေးကလည်း ကုသတဲ့နည်းတွေ ရှိပါတယ်။ ရောဂါပျော့ပျော့မှာတော့ ရောဂါကို ထိန်းတဲ့ သဘောပေါ့။ ရောဂါပြင်းလာတယ်။ ကျွန်တော်တို့ ဆေးလောကစကားနဲ့ ပြောရင်တော့ Cytokine   တုံ့ပြန်မှုမုန်တိုင်းလို့ ခေါ်ပါတော့၊ Cytokine တုံ့ပြန်မှုမုန်တိုင်းမှာတော့ နိုင်ငံတကာမှာ ပေးနေတဲ့ ဆေးမျိုးတွေ ကျွန်တော်တို့ နိုင်ငံမှာလည်းပေးနေကြပါတယ်။ နောက်တစ်ခုက ပြောတယ်။ ကုသဖို့ကို EUA နဲ့  ပေးထားတဲ့ဆေးတွေ ကျွန်တော်တို့ဒီမှာ စမ်းသုံးနေတာလည်းရှိတယ်လို့ ကျွန်တော်တို့ သိပါတယ်။ အဲဒီဆေးအတိအကျကို နောက်ရက်တွေမှာ ပညာရှင်တွေက ဆက်ဖြေပါလိမ့်မယ်။

ဒေါက်တာသန္တာလွင်။         ။ကျေးဇူးတင်ပါတယ် ဆရာကြီးများရှင်။  