ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ် ကုသရေးနှင့် စပ်လျဉ်း၍ “၀” အထူးဒေသ(၂)မှ ငြိမ်းချမ်းရေးကော်မရှင်သို့ ငွေကျပ်သိန်း ၂၀၀၀ လှူဒါန်း

mdn

ရန်ကုန် ၂၀ အောက်တိုဘာ

 

ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ် ကုသရေးနှင့် စပ်လျဉ်း၍အထူးဒေသ()က ငြိမ်းချမ်းရေးကော်မရှင်သို့ လှူဒါန်းငွေ ကျပ်သိန်း ၂၀၀၀ ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် နာရီက ရန်ကုန်မြို့၊ ရွှေလီလမ်းရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) တွင်ကျင်းပသည်။

 

အခမ်းအနားတွင် ငြိမ်းချမ်းရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းက အဖွင့်အမှာစကား ပြောကြားရာ ဒီကနေ့ အလွန်အရေးကြီးတဲ့ အချိန်အခါမှာ ကျွန်တော်တို့ကို လာရောက်လှူဒါန်းတဲ့ အထူးဒေသ ()ကို ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ ဆေးပညာမှာ ဘာကအဓိကလည်းဆိုတော့ အချိန်ပါ။ နောက်တစ်ခုက ဆေး၊ နောက်ထပ်တစ်ခုက ကျွန်တော်တို့နဲ့ နှီးနွယ်ပတ်သက်တဲ့ ပစ္စည်းတွေပါ။ အခုအချိန်က ကိုဗစ်ကာလ Second Wave လို့ခေါ်တဲ့ ဒုတိယလှိုင်းကို ပြန်လည်တုံ့ပြန်တဲ့အချိန်မှာ ဘာတွေနဲ့ရင်းရလည်း ဆိုတော့ လူတွေရဲ့အသက်၊ လူတွေရဲ့စည်းစိမ်၊ လူတွေရဲ့ လူမှုရေးပြဿနာတွေ ကျွန်တော်တို့က ပြန်လုပ်ပေးရတာရှိပါတယ်။ ဆေးပညာအရပြောရရင် လိုအပ်တဲ့အချိန်မှာ လိုအပ်တဲ့ပစ္စည်းတွေဖြစ်တဲ့ အောက်ဆီဂျင်ကအစ၊ နောက်ဆုံး PPE Mask လက်အိတ်တွေအထိ လိုအပ်ပါတယ်။ အခုလို Wave ရဲ့ အမြင့်ဆုံးအချိန်မှာ ကျွန်တော်တို့ကို လာရောက်လှူဒါန်းတဲ့အတွက် လိုအပ်တဲ့ပစ္စည်းတွေ ဝယ်ယူနိုင်ဖို့ အများကြီး အထောက်အကူရပါတယ်ဟု ပြောကြားသည်။

 

ဆက်လက်၍အထူးဒေသ() ကိုယ်စားလှယ် ဦးအိုက်စံရွှေက ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးတွင် အသုံးပြုရန်အတွက် လှူဒါန်းငွေ ကျပ်သိန်း (၂၀၀၀) ကို ပေးအပ်လှူဒါန်းရာ ငြိမ်းချမ်းရေးကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။

 

ဆက်လက်၍အထူးဒေသ () ကိုယ်စားလှယ် ဦးအိုက်စံရွှေက အလှူငွေပေး အပ်လှူဒါန်းရခြင်းနှင့် စပ်လျဉ်း၍ ပြောကြားရာတွင်ကျွန်တော်တို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် လှူဖြစ်တဲ့အကြောင်းရင်းက မြန်မာတစ်နိုင်ငံလုံးမှာ ရောဂါကူးစက် ပျံ့ပွားမှုများနေပါတယ်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ကိန်းဂဏန်းတွေအရ ကြည့်လိုက်ရင် ဩဂုတ် ၁၂ ရက်ကစပြီး ရောဂါတဖြည်းဖြည်းတိုးလာတယ်။ ဩဂုတ် ၁၂ ရက်မှာ ကိုဗစ်လူနာ ၃၀၀ ကျော်ပဲရှိ နေရာက စက်တင်ဘာ ၁၂ ရက်အထိကို ရှစ်ဆ နီးပါးတိုးလာတယ်။ အခု အောက်တိုဘာ ၁၂ ရက်ကို ကြည့်ရင်လည်း အရင်ထက် ဆယ်ဆနီးပါးဆက်တိုးလာတယ်။ ဒါကြောင့် ကျွန်တော်တို့ အထူးဒေသ () အနေနဲ့ ဘာလုပ်ပေးရရင် ကောင်းမလဲဆိုတဲ့ စိတ်ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးသိန်းဇော်နဲ့ ချိတ်ဆက် အကြံဥာဏ်ယူပြီး ယခုလို ငွေသား ကျပ်သိန်း (၂၀၀၀) လှူဒါန်းခြင်းဖြစ်ပါတယ်။ ငွေကြေးအရ မများပေမယ့် ဒါဟာအထူးဒေသ () ရဲ့ စိတ်ရင်းဖြစ်ပါတယ်။ အထူးဒေသ()ဟာ မြန်မာနိုင်ငံရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ကျရောက်လာမယ့် ဘေးအန္တရာယ်နဲ့ ကပ်ဘေးများကို ကျွန်တော်တို့ တတ်နိုင်သမျှ အင်အားနဲ့ ကူညီမှုပေးလျက်ရှိပါတယ်ဟုပြောသည်။

 

ယင်းနောက် ငြိမ်းချမ်းရေးကော်မရှင် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး (အငြိမ်းစား)က ကျေးဇူးတင်စကား ပြန်လည်ပြောကြားရာတွင်ကျွန်တော်တို့ နိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါ စတင်ဖြစ်ပွားပြီဆိုတဲ့ အချိန်ကစပြီး နိုင်ငံတော်အစိုးရက ကျွန်တော်တို့ ငြိမ်းချမ်းရေးကော်မရှင်ကို အခြေခံပြီးတော့ ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ် ကုသရေးနှင့် စပ်လျဉ်းပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ညှိနှိုင်း ပူးပေါင်းရေးကော်မတီကို ဖွဲ့စည်းပေးခဲ့ပါတယ်။ ဖွဲ့စည်းပေးပြီးတဲ့နောက် အဓိကက EAO တွေနဲ့ပတ်သက်ပြီး ပံ့ပိုးကူညီဖို့ ဆောင်ရွက်ပါတယ်။ ဆောင်ရွက်တဲ့နေရာမှာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် စက်တင်ဘာလောက်ကစပြီး ကျွန်တော်တို့မှာရှိတဲ့ ရန်ပုံငွေကို အသုံးပြုပြီး EAO တွေကို နှစ်ကြိမ် ကူညီထောက်ပံ့ပေးခဲ့ပါတယ်။ ပြီးခဲ့တဲ့ ညီလာခံ မတိုင်ခင်ကလည်း တစ်ကြိမ် စုစုပေါင်း သုံးကြိမ်မှာ ကျပ်သိန်း ၁၉၀၀ လောက်ကူညီ ထောက်ပံ့ပေးခဲ့တာရှိပါတယ်။ ကျွန်တော်တို့ ငြိမ်းချမ်းရေးကော်မရှင်အနေနဲ့ လိုအပ်လာတဲ့ ကူညီပံ့ပိုးမှုတွေကို ဆောင်ရွက်ပေးဖို့အတွက် စီစဉ်တိုင်ပင် ဆောင်ရွက်လျက်ရှိပါ တယ်။

 

အထူးဒေသ () က ၂၀၁၈ ရေဘေးမှာလည်း လှူဒါန်းခဲ့တဲ့ အစဉ်အလာရှိပါတယ်။ အခုလို ကိုဗစ်ကာလမှာလည်း လှူဒါန်းပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် အများကြီး အထောက်အကူ ပြုတယ်ဆိုတာကိုလည်း သိစေချင်ပါတယ်။ ကျွန်တော်တို့ အမြဲတမ်း အဆက်အသွယ်တွေ ရှိနေပါတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေအပြင် ကျွန်တော်တို့ရဲ့ လိုအပ်ချက်တွေ၊ အထူးဒေသ () ရဲ့ အခြားလိုအပ်ချက်တွေကိုလည်း ပူးပေါင်းဆောင်ရွက်သွားကြမှာဖြစ်ကြောင်း ပြောလိုပါတယ်ဟုပြောကြားသည်။

 

ငြိမ်းချမ်းရေးကော်မရှင်သည် ၂၀၂၀ ပြည့်နှစ် ဇူလိုင်လမှ ယနေ့အထိ ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် ကုသရေးတွင် အသုံးပြုရန်အတွက် ကရင်ပြည်နယ် (မြဝတီဆေးရုံ) ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ ရခိုင်ပြည်နယ်၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီး (ICU) ဌာန၊ နေပြည်တော်ပြည်သူဆေးရုံကြီး (ခုတင်-၁၀၀၀) ရန်ကုန်မြို့အတွင်းရှိ ကိုဗစ်-၁၉ အရေးပေါ်လူမှုကယ်ဆယ်ရေး လူနာတင်စခန်း (၁၈) ခုမှ Volunteer အဖွဲ့များ၊ ရန်ကုန် တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်းရှိ ကိုဗစ်-၁၉ ကုသရေးစင်တာများနှင့် Quarantine Center များ၊ ဗဟိုအမျိုးသမီဆေးရုံကြီး (ရန်ကုန်) သူနာပြုတက္ကသိုလ် ရန်ကုန်ရှိ ကိုဗစ်-၁၉ သံသယလူနာများ စောင့်ကြည်ဌာန (YGH PUI Extension) သို့ PPE Level-2 Surgical gowns ဝတ်စုံ စုစုပေါင်း (၁၄၀၀၀) Surgical Mask (နှာခေါင်းစည်း) စုစုပေါင်း (၆၃၀၀၀) နှင့် ငွေကျပ် သိန်း(၅၀)တို့ကို လှူဒါန်းခဲ့သည်။ ဇူလိုင်လမှ ယနေ့အထိ လှူဒါန်းပစ္စည်း ခန့်မှန်းတန်ဖိုးနှင့် ငွေသားစုစုပေါင်း တန်ဖိုးမှာ ငွေကျပ်သိန်း (၁၉၀၀) ဖြစ်ပြီး လိုအပ်သည့်နေရာများအား ဆက်လက်လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရှိရသည်။

 

အထူးဒေသ()က ၂၀၁၈ ခုနှစ် ဩဂုတ်လအတွင်းက ရေဘေးကယ်ဆယ်ရေးအတွက် ငြိမ်းချမ်းရေးကော်မရှင်သို့ အလှူငွေ ကျပ်သိန်း (၄၄၀၀) လှူဒါန်းခဲ့ပြီး ယခု ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် ကုသရေးအတွက် အလှူငွေကျပ်သိန်း (၂၀၀၀) ထပ်မံလှူဒါန်းခဲ့ခြင်း ဖြစ်သည်။

 

သတင်း..ညွန့်ကိုကို၊ ဓာတ်ပုံ..ဖိုးထောင်