ကိုဗစ် -၁၉ ကာကွယ်ဆေးထိုးထားသူများက အခြားသူများကို ရောဂါဖြန့်ဝေနိုင်ကြောင်း သတိပေးထား

လန်ဒန် ၂၅ ဇန်နဝါရီ

ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးခြင်း ခံယူထားသူများသည် မိမိကိုယ်ကိုယ် ရောဂါမကူးစက်အောင် ကာကွယ်ထားပြီဖြစ်သော်လည်း အခြားသူများသို့ ဗိုင်းရပ်စ်ကူးစက် ဖြန့်ဝေနိုင်သေးသည်ဖြစ်ရာ ပြည်သူများအနေဖြင့် ကန့်သတ်ပိတ်ဆို့မှုစည်းကမ်းချက်များကို ဆက်လက်လိုက်နာဆောင်ရွက် ကြစေလိုကြောင်း အင်္ဂလန်ဒုတိယဆေးဘက်အရာရှိချုပ် ဂျိုနသန်ဗန်တမ်က သတိပေးပြောကြားလိုက်သည်။

ဆေးပညာရှင်များအနေဖြင့် ရောဂါကူးစက်မှုနှင့် ပတ်သက်သည့် ကာကွယ်ဆေး၏ အကျိုးသက်ရောက်ပုံကို ကောင်းစွာမသိရှိရသေးကြောင်း၊ ကိုဗစ်-၁၉ ကာကွယ်ဆေးများအပေါ် မျှော်လင့်အားထားမှုနှင့်အတူ ရောဂါကူးစက်မှု မြန်မြန်ကျဆင်းသင့်ကြောင်း လက်ရှိအချိန်အထိ မည်သည့် ကာကွယ်ဆေးမျှ ၁၀၀ ရာခိုင်နှုန်း ထိရောက်မှုမရှိသေးကြောင်း ဂျိုနသန်ဗန်တမ်က ပြောသည်။

၇၅ ရာခိုင်နှုန်းကို ထိုးနှံပေး ယခုအခါ ဗြိတိန်နိုင်ငံရှိ အသက် ၈၀ အရွယ်သက်ကြီးပုဂ္ဂိုလ်များ၏ ၇၅ ရာခိုင်နှုန်းကို ပထမတစ်ကြိမ် ကာကွယ်ဆေးထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ဖိုက်ဇာ - တိုင်ရွန်တက်ခ်နှင့် အောက်စ်ဖို့ဒ် - အက်စ်ထရာဇနီကာ ကာကွယ်ဆေးများကို နှစ်ကြိမ်ထိုးနှံရန် လိုအပ်သည်။ ဘိုးဘွားစောင့်ရှောက်ရေးဂေဟာများ၏သုံးပုံနှစ်ပုံခန့်မှာ ကာကွယ်ဆေးထိုးနှံပြီးပြီဖြစ်ကြောင်းနှင့် ယခုရက်သတ္တပတ်တွင် အင်္ဂလန်ရှိ ကာကွယ်ဆေးထိုးဌာနပေါင်း ၃၂ ခုအထိ ထပ်မံဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။

သည်ဂါဒီယန်