ကိုဗစ်-၁၉ ဖြင့် ဆေးရုံတက်နေရသည့် ဂျပန်မင်းသမီး ဆေးရုံမှဆင်း

တိုကျို ဖေဖော်ဝါရီ ၁

ဂျပန်မင်းသမီး ယိုကိုသည် ကိုဗစ်-၁၉ ကုသမှုခံယူနေသည့် ဆေးရုံမှ ပြန်လည်ဆင်းလာပြီဖြစ်သည်။

အသက် ၃၈ နှစ်ရှိ မင်းသမီးသည် တိုကျိုတက္ကသိုလ်ဆေးရုံမှ ဖေဖော်ဝါရီ ၁၆ရက်တွင် ဆင်းလာခဲ့သည်။ မင်းသမီး ယိုကိုသည် ဖေဖော်ဝါရီ ၈ ရက်က ကိုရိုနာ ဗိုင်းရပ်စ် စစ်ဆေးတွေ့ရှိခဲ့သည်။

အဆုတ်အအေးမိ လက္ခဏာများ တွေ့ရှိခဲ့သည့်အတွက် ကိုဗစ်-၁၉ တွေ့ရှိပြီး နောက်တစ်နေ့တွင် ဆေးရုံသို့ ပို့ဆောင်ခဲ့သော်လည်း အဖျားမရှိကြောင်း သိရသည်။ မင်းသမီးတွင် ကိုဗစ်-၁၉ လက္ခဏာ အသင့်အတင့်ဖြစ်ပွားခဲ့ကြောင်း အိမ်တော်ထိန်းသိမ်းရေးအေဂျင်စီက ပြောသည်။ ထို့အပြင် သူမ၏ ရောဂါလက္ခဏာများသည် ဆေးကုသမှုကြောင့် တိုးတက်ကောင်းမွန်လာခဲ့ကြောင်းနှင့် ဆရာဝန်၏ ခွင့်ပြုချက်ဖြင့် ဆေးရုံမှ ဆင်းခွင့်ရရှိခဲ့ကြောင်း သိရသည်။

အင်န်အိတ်ချ်ကေ