ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ကုသရေးဆိုင်ရာပစ္စည်းများ ပြည်ပမှ အဆင်ပြေချောမွေ့စွာ တင်သွင်းနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိ

 

နေပြည်တော် ဇန်နဝါရီ ၂၂

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများကို လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ နှောင့်နှေးကြန့်ကြာမှုမရှိ တင်သွင်းနိုင်ရေးအတွက် အချိန်နှင့်တပြေးညီ စီစဉ်ဆောင်ရွက်ပေး လျက်ရှိရာ ယနေ့တွင် ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှ တင်သွင်းရာ ကုမ္ပဏီ (၁) ခုမှ ယာဉ်စီးရေ (၃) စီးဖြင့် နှာခေါင်းစည်း Mask တန် (၂၀) တင်သွင်းခဲ့သည်။                           

၂၀၂၂ ခုနှစ် ဇန်နဝါရီ (၁) ရက်မှ (၂၂) ရက်အတွင်း ကုမ္ပဏီ (၁၁) ခုမှယာဉ်စီးရေ (၂၁) စီးဖြင့် အောက်ဆီဂျင်(အရည်) Bowser ယာဉ်(၁)စီးဖြင့် တန် (၂၀)၊ အောက်ဆီဂျင်(အိုးခွံ) (၁၁၀၀)၊ လုပ်ငန်းသုံးအောက်ဆီဂျင်စက် Oxygen Generator (၁) ခု၊ အိမ်သုံးအောက်ဆီဂျင်စက် Oxygen Concentrator (၉၄၂) ခု၊ လက်အိတ် (၃၅) တန်နှင့် နှာခေါင်းစည်း (Mask) တန် (၉၀) တင်သွင်းခွင့် ပြုခဲ့ပြီး အောက်ဆီဂျင်အရည် (Bowser) ယာဉ် (၁) စီးမှာ မြဝတီကုန်သွယ်ရေးဇုန်မှ ရန်ကုန်မြို့ သို့ဖြစ်ကြောင်း သိရသည်။

ကိုဗစ်-၁၉ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများကို သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းထားသည့် SOP များနှင့်အညီ ဦးစားပေးတင်သွင်းခွင့်ပြုပေးလျက်ရှိကြောင်းနှင့် ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများတင်သွင်းခြင်းနှင့် ဆက်စပ်သည့် အသိပေးကြေညာချက်များကိုလည်း အများပြည်သူ သိရှိစေရန် ဝန်ကြီးဌာန Website ဖြစ်သည့် commerce.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ရေး စီစဉ်ဆောင်ရွက်ပေးထားပါကြောင်း သိရသည်။

(သတင်းစဉ်)