ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ကုသရေးဆိုင်ရာပစ္စည်းများအား ပြည်ပမှ အဆင်ပြေချောမွေ့စွာ တင်သွင်းနိုင်ရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိ

နေပြည်တော် စက်တင်ဘာ ၁၆

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများကို လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်း များမှ အဆင်ပြေချောမွေ့စွာ တင်သွင်းနိုင်ရေးအတွက် အချိန်နှင့်တပြေးညီ စီစဉ်ဆောင်ရွက်ပေး လျက်ရှိသည်။

၁၆-၉-၂၀၂၁ ရက်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် ၊ ဆိပ်ကမ်းများနှင့် မူဆယ်၊ မြဝတီ၊ တာချီလိတ်၊ ချင်းရွှေဟော် နယ်စပ်စခန်း(၄)ခုတို့မှ တင်သွင်းရာ၌ ကုမ္ပဏီ (၉) ခုမှ ယာဉ်စီးရေ (၈) စီးဖြင့် အောက်ဆီဂျင်(အရည်)(Bowser)ဖြင့် (၂)စီး (၃၈)တန်၊ အောက်ဆီဂျင် (အိုးခွံ) (၉၄၀) ခု၊ Oxygen Plant (၁)ခု၊ အိမ်သုံး Oxygen Concentrator (၂၅၆)ခု၊ PPEဝတ်စုံ (၅၀၀,၀၀၀)နှင့် နှာခေါင်းစည်း (Mask) (၁၇)တန် တင်သွင်းခဲ့သည်။  အောက်ဆီဂျင်(အရည်) (Bowser) (၂)စီးမှာ ရန်ကုန်မြို့နှင့် မန္တလေးမြို့သို့ဖြစ်ပြီး Oxygen Plant (၁)ခုမှာ ပဲခူးတိုင်းဒေသကြီး၊ ကဝမြို့သို့ ဖြစ်ကြောင်း သိရသည်။

ကိုဗစ်-၁၉ရောဂါကာကွယ်၊ ထိန်းချုပ်၊ကုသရေးဆိုင်ရာပစ္စည်းများကို ပြည်ပမှတင်သွင်းရာ တွင် နှောင့်နှေးကြန့်ကြာမှု မရှိစေရေးအတွက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းထားသည့် SOP များနှင့်အညီ ဦးစားပေးတင်သွင်းခွင့်ပြု ပေးလျက်ရှိ ကြောင်းနှင့် ဆေးဝါးနှင့်ဆက်စပ်ပစ္စည်းများ တင်သွင်းခြင်းနှင့်သက်ဆိုင်သည့် အသိပေးကြေညာချက် များကိုလည်း အများပြည်သူသိရှိစေရန်ဝန်ကြီးဌာန Website ဖြစ်သည့် commerce.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ရေး စီစဉ်ဆောင်ရွက်ပေးထားကြောင်း သိရသည်။ 

သတင်းစဉ်