ကိုဗစ်-၁၉ ရောဂါနှင့် ရင်ဆိုင်ကျော်လွှားခဲ့ရပုံအကြောင်း‌ ဆွေးနွေးခန်းအစီအစဉ် ထုတ်လွှင့်မည်

mdn

နေပြည်တော် ၂၀ အောက်တိုဘာ

 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ပြန်ကြားရေးဝန်ကြီးဌာနတို့ ပူးပေါင်းပြီး ကိုဗစ်-၁၉ ရောဂါအကြောင်း သိကောင်းစရာ အမေး/အဖြေ အစီအစဉ်ကို စက်တင်ဘာ ၂၉ ရက်မှစ၍ အပတ်စဉ် အင်္ဂါ၊ ဗုဒ္ဓဟူးနှင့် ကြာသပတေးနေ့များတွင် ညနေ ၆ နာရီခွဲမှ ည ၇ နာရီအထိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတွင် ထုတ်လွှင့်ပြသလျက်ရှိသည်။

 

ယခုအခါ အပတ်စဉ် ဗုဒ္ဓဟူးနေ့၊ ညနေ ၆ နာရီခွဲတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားပြီး ပြန်လည်ကျန်းမာလာသူများနှင့် ဆွေးနွေးမေးမြန်းခန်းကို ထုတ်လွှင့်ရန် စီစဉ်ဆောင်ရွက်လျက်ရှိရာ အောက်တိုဘာ ၂၁ ရက်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားပြီး ပြန်လည်ကျန်းမာလာသူများဖြစ်ကြသည့် ရန်ကုန်တိုင်းဒေသကြီး၊ စိတ်ကျန်းမာရေးဆေးရုံ (ရွာသာကြီး)မှ ပါမောက္ခဒေါက်တာတင်ဦးနှင့် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်မှ ကိုဝေယံကိုကိုတို့၏ ကိုဗစ်-၁၉ ရောဂါနှင့် ရင်ဆိုင်ကျော်လွှားခဲ့ရပုံများအကြောင်း ဆွေးနွေးခန်းအစီအစဉ်ကို ထုတ်လွှင့်သွားမည်ဖြစ်ကြောင်း သိရသည်။   

                                                                                                                     

သတင်းစဉ်