ကိုဗစ်-၁၉ ရောဂါပိုးရှိသူ ၉၄၆ ဦးထပ်မံတွေ့ရှိ ရောဂါပိုးရှိသူ စုစုပေါင်း ၁၃၃၇၃ ဦး ရှိသွားပြီ

နေပြည်တော် ၃၀ စက်တင်ဘာ

 

စက်တင်ဘာ ၂၉ ရက် ည ၈နာရီမှ စက်တင်ဘာ ၃၀ ရက် ည ၈ နာရီအတွင်း ဓာတ်ခွဲနမူနာ ၆၂၆၂ ခုအား စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါပိုးရှိသူ ၉၄၆ ဦး ထပ်မံ တွေ့ရှိသဖြင့် ယနေ့အထိ ရောဂါပိုးရှိသူစုစုပေါင်း ၁၃၃၇၃ ဦးရှိသွားပြီဖြစ်ကြောင်း၊ ရောဂါပိုးတွေ့ရှိ သူ ၁၃၃၇၃ ဦးအနက် သေဆုံးသူ ၃၁၀ နှင့် ဆေးရုံမှဆင်းခွင့်ပြုခဲ့သူ ၃၇၅၅ ဦးရှိကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ယနေ့ထုတ်ပြန်ချက် များအရ သတင်းရရှိသည်။

 

သတင်းစဉ်