ကိုဗစ်-၁၉ ရောဂါပိုးရှိသူ ရှစ်ဦးထပ်မံတွေ့ရှိ ရောဂါပိုးရှိသူ စုစုပေါင်း ၃၆၉ ဦးရှိပြီ

နေပြည်တော် ၁၃ ဩဂုတ် 

ယနေ့တွင် ကိုဗစ်-၁၉ ရောဂါပိုးရှိသူ ရှစ်ဦးထပ်မံတွေ့ရှိသဖြင့် ယနေ့အထိ ရောဂါပိုးရှိသူ စုစုပေါင်း ၃၆၉ ဦးရှိပြီဖြစ်ပြီး ပိုးတွေ့ရှိသူရှစ်ဦးမှာ ဂျပန်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာသူ နှစ်ဦးနှင့် ယူအေအီးနိုင်ငံမှ ပြန်လည်ဝင်ရောက်လာ ခြောက်ဦးဖြစ်ကြောင်း သိရသည်။

ရောဂါပိုးတွေ့ရှိသူ ၃၆၉ ဦးအနက် သေဆုံးသူ ၆ ဦး၊ ပိုးမတွေ့ရှိတော့သူ ၃၂၁ ဦး၊ ဆေးရုံမှ ဆင်းခွင့်ပြုခဲ့သူ ၃၁၂ ဦးနှင့် ဩဂုတ် ၁၂ ရက် မွန်းတည့် ၁၂ နာရီမှ ဩဂုတ် ၁၃ ရက်မွန်းတည့် ၁၂ နာရီအတွင်း စောင့်ကြည့်လူနာအသစ် ၁၈ ဦးရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ထုတ်ပြန်ချက်များအရ သတင်းရရှိသည်။

သတင်းစဉ်