ကိုဗစ်-၁၉ကာလ သင်္ဃန်းကျွန်းမြို့နယ်အတွင်းမှ အခြေခံလက်လုပ်လက်စား အိမ်ထောင်စုများထံ အခြေခံ စားသောက်ကုန်ပစ္စည်း(၅)မျိုး လိုက်လံ ထောက်ပံ့

ရန်ကုန် ၂၅  အောက်တိုဘာ

 

ကိုဗစ်-၁၉ Stay at home ကာလ အခြေခံလက်လုပ်လက်စား အိမ်ထောင်စုများ စားသောက်ရေး အဆင်ပြေစေရန်အတွက်  ရန်ကုန်အရှေ့ပိုင်းခရိုင် သင်္ဃန်းကျွန်းမြို့နယ် ရပ်ကွက်များအတွင်းရှိ အခြေခံလက်လုပ်လက်စား အိမ်ထောင်စုများထံ အခြေခံ စားသောက်ကုန်ပစ္စည်း ဆန်၊ ဆီ၊ ဆား၊ ပဲနှင့် ကြက်သွန်(၅)မျိုးတို့ကို  သင်္ဃန်းကျွန်းမြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်း ကော်မတီ နာယကများဖြစ်သော သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရွှေလှဝင်း၊ အမှတ်(၁)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးနေဘုန်းလတ်တို့ ဦးဆောင်၍ စေတနာရှင်ပြည်သူများ၏ စုပေါင်းလှူဒါန်းငွေများဖြင့် အခြေခံစားသောက်ကုန်များ ဝယ်ယူကာ လိုက်လံထောက်ပံ့ပေး အပ်လျက်ရှိသည်။

 

ထိုသို့လိုက်လံပေးအပ်ရာတွင်ယမန်နေ့က သင်္ဃန်းကျွန်းမြို့နယ် သွပ်ဝိုင်းကြီးရပ်ကွက်၊ (င/ခ)ရပ်ကွက်၊ (သုဝဏ္ဏ-၂၄) ရပ်ကွက်၊ (ဆ/က)ရပ်ကွက်တို့ရှိ အခြေခံလက်လုပ်လက်စားအိမ်ထောင်စုပေါင်း(၂၈၂)စုထံ အခြေခံစားသောက်ကုန်များ လိုက်လံဝေမျှပေးကြသည်။ ကျန်ရပ်ကွက်များသို့လည်း ဆက်လက် ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ရဲမင်းထွန်း(ပြန်/ဆက်)