ကျိုက်မရော မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး နှာခေါင်းစည်းလှုပ်ရှားမှုပြုလုပ်

ကျိုက်မရော၊ ၁၆  ဇန်နဝါရီ  

မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုကို ထိရောက်စွာ ကာကွယ်တားဆီးနိုင်ရေးနှင့်  ပြည်သူလူထုအကြား ရောဂါကာကွယ်ရေး နည်းလမ်းများကို ပိုမိုသိရှိ လိုက်နာစေရေးအတွက် နှာခေါင်းစည်း (mask) နှင့် မျက်နှာအကာ (face shield) များအား အခမဲ့ဖြန့်ဝေခြင်းကို ယနေ့ပိုင်းက မြို့နယ်အတွင်းရှိ လူအများစုဝေးရာ နေရာဖြစ်သည့် မြို့မစျေးကြီးအတွင်းနှင့် ဆိုင်ကယ်ကယ်ရီ ဂိတ်များတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ နှာခေါင်းစည်းလှုပ်ရှားမှုကို ကျိုက်မရောမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာကျော်ဝင်းဇော်နှင့် ဝန်ထမ်းများ ဦးဆောင်၍ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေး ဦးစီးဌာန ဦးစီးမှူးနှင့် ဝန်ထမ်းများပူးပေါင်းကာ "STOP COVID-19၊ Mask တပ်ပါ၊ လက်ဆေးပါ၊ ခပ်ခွာခွာနေပါ၊ တစ်ဦးကိုတစ်ဦး အသိပေးပါ၊ သတိပေးပါ ဟူသည့် အသိပညာပေး ဟောပြောမှုများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာစေရန်  အဖွဲ့လိုက် ပူးပေါင်းဆောင်ရွက်ခဲ့ကြပြီး  အဆိုပါ နှာခေါင်းစည်းလှုပ်ရှားမှုကို ဇန်နဝါရီ ၁၆ ရက်  မှ ၁၈ ရက်နေ့ထိ သုံးရက်ကြာ ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ် ကျန်းမာရေးဦးစီးဌာနရုံးမှ သိရသည်။

ချိုချို (ပြန်/ဆက်)