ကျိုက်မရောသို့ ဝင်ရောက်လာသည့် ခရီးသွားများအား ကျန်းမာရေးစစ်ဆေးရန် ကိုယ်အပူချိန်တိုင်းစက်များ လှူဒါန်း

ကျိုက်မရော ၂၇ မတ်   

ကျိုက်မရော မြို့နယ်အတွင်း လာရောက်ကြသည့် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးဧည့်သည်များနှင့် ခရီးသွားပြည်သူများအား COVID- 19 ကူးစက်ရောဂါ စောင့်ကြပ်ကာကွယ်ပေးရန် မော်လမြိုင်မြို့မှ အလှူရှင် ၃ဦးက အပူချိန်တိုင်းစက်များ လှူဒါန်းခဲ့ကြောင်း သိရသည်။

 

‌ေ

 

အလှူရှင် သုံးဦးသည် ၁၃၅၀ဝ၀ ကျပ်တန် အပူချိန်တိုင်းစက် ၆ လုံးကို လှူဒါန်းခဲ့ရာ မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာကျော်ဝင်းဇော်က လက်ခံရယူခဲ့သည်။ COVID -19 ရောဂါကြောင့် ယခုချိန်တွင် ဘုရားဖူးပြည်သူများအား အချိန်သတ်မှတ်၍ ဘုရားဖူးလာပြည်သူများစိတ်ချမ်းမြေ့စွာဖူးမျှော်နိုင်ရန် အတွက် စီစဉ်ဆောင်ရွက်ပေးထားကြောင်းနှင့် ဘုရားကြီးရှေ့ မုခ်ဦး၌ ကျန်းမာရေးပညာပေးအစီစဉ်များ၊ လက်ဆေးရန် နေရာများနှင့် ဆပ်ပြာရည်ဘူးများလည်း စနစ်တကျထားရှိပေးကြောင်း သိရသည်။

ချိုမြတ်မြတ်ထွေး (ပြန်/ဆက်)