ကျိုက်ထို၌ ကမ္ဘာ့အကြီးဆုံး ထိုင်တော်မူ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်လျက်ရှိ

ကျိုက်ထို  ၁၄ ဇန်နဝါရီ

 

မွန်ပြည်နယ် ကျိုက်ထိုမြို့ ရှေးဟောင်းသမိုင်းဝင် ဘုရားသုံးဆူ တောင်ပေါ်၌ တည်ဆောက်လျက်ရှိသည့် ဉာဏ်တော်အမြင့် ၂၅၅ ပေ ၆ လက်မရှိ ကမ္ဘာ့အကြီးဆုံး ထိုင်တော်မူ ရုပ်ပွားတော်မြတ်ကို အလှူရှင်များ စုပေါင်း၍ တည်ဆောက် လျက်ရှိရာ  ၂၀၁၉ ခုနှစ်အကုန်တွင် ပြီးစီးမည်ဖြစ်ကြောင်း သိရသည်။

 

1123

 

ကမ္ဘာ့အကြီးဆုံး ထိုင်တော်မူရုပ်ပွားတော်မြတ်ကြီး တည်ဆောက်နေသည့် တောင်ပေါ်တွင် ဂန္ဓကုဋိဘုရား (၇)ဆူ၊ ဘုရားကြီးအဝင်မုခ်ဦး အာရုံခံ တန်ဆောင်း၊ ရင်ပြင်တော်အတက် ခြေလျင်လှေကား၊ ဓာတ်လှေကားနှင့် ပိသာချိန် ၃၀ဝ ရှိ ခေါင်းလောင်းကြီး (၂)လုံး၊ ပိသာချိန် (၂၀ဝ)ရှိ ခေါင်းလောင်း (၂)လုံး၊ ပိသာချိန် (၁၀ဝ)ရှိ ခေါင်းလောင်း(၂)လုံးအပြင် စတုဒီသာ ဓမ္မာရုံ၊ ထမင်းချက်ဆောင်နှင့် စတိုဆောင်များကို တည်ဆောက်လျက်ရှိကြောင်း သိရသည်။

 

ရပ်ဝေးရပ်နီးမှ အလှူရှင်များအနေဖြင့် တည်ဆောက်လျက်ရှိသည့် ဘုရားကြီး၏ လိုအပ်ချက်များကို လှူဒါန်းလိုပါက ဘဒ္ဒန္တ တေဇဝန္တ (ဘုရားသုံးဆူ)ကျောင်းဆရာတော် ဖုန်းနံပါတ် ဝ၉-၇၈၅၃၁၁၃၄၇ သို့လည်းကောင်း၊ ဒုတိယဆရာတော် ဒေါက်တာ ခေမာဝံသ ဖုန်းနံပါတ် ဝ၉-၇၇၆၆၆၆၇၀၈ သို့လည်းကောင်း၊ ဘုရားကြီးတည်ဆောက်ရေးဥက္ကဋ္ဌ ဦးစိုးဝင်း ဖုန်းနံပါတ် ဝ၉- ၄၅၇၁၇၀၃၁၇ သို့လည်းကောင်း၊ ဘုရားကြီးတည်ဆောက်ရေး အတွင်းရေးမှူး ဗိုလ်ကြီးတင်ဝင်းထွဋ်(ငြိမ်း) ဖုန်းနံပါတ် ဝ၉-၄၂၈၇၂၃၃၃၉ သို့လည်းကောင်း ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။

 

ဝင်းမောင်(ကျိုက်ထို)