ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေးပြင်ဆင်ထားမှုများကို ဝန်ကြီးချုပ် အာဘေး ကြည့်ရှုစစ်ဆေး

၂၄ ဇန်နဝါရီ

 

ဂျပန်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်အသစ်ဖြစ်သည့် အဆုတ်ရောင်ရောဂါအား  ပိုမိုသန့်ရှင်းသည့် ဓာတ်ခွဲခန်းတွင် စမ်းသပ်စစ်ဆေးမှုပြုလုပ်နိုင်ရန် ကျန်းမာရေးဝန်ကြီးဌာနကို  ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ညွှန်ကြားခဲ့သည်။ 

 

လက်ရှိတွင် ဂျပန်နိုင်ငံရှိ ဓာတ်ခွဲခန်းတစ်ခုတည်းကသာ အဆိုပါ စမ်းသပ်မှုများကို ပြုလုပ်နေခြင်း ဖြစ်သည်။

 

ကျန်းမာရေးဝန်ကြီး ကတ်ဆူနာဘူကူတိုနှင့် နိုင်ငံခြားရေးဝန်ကြီး တိုရှိမီဆူ မိုတီဂီတို့အပါအဝင် သက်ဆိုင်ရာ ဝန်ကြီးများပါဝင်သည့် အစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် ပြုလုပ်ခဲ့ပြီး အစည်းအဝေးပွဲအတွင်း ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက မှာကြားခဲ့ခြင်းဖြစ်သည်။

 

လေဆိပ်၊ ပင်လယ်ဆိပ်ကမ်းများနှင့် ရောဂါဖြစ်ပွားသူများအတွက် သီးသန့်ခွဲထားသည့် ဘူတာရုံများ၌ ဗိုင်းရပ်စ် ကူးစက်မှုကို တားဆီးရာတွင် စေ့စပ်သေချာစွာ စစ်ဆေးရန် အာဘေးက မှာကြားခဲ့သည်။

 

ဗိုင်းရပ်စ်အသစ်နှင့်ပတ်သက်သည့် သတင်းအချက်အလက်အသစ်များကို ပြည်သူလူထုအား ချက်ချင်း အသိပေးသင့်ကြောင်း ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။

 

အစိုးရအနေဖြင့် ဗိုင်းရပ်စ်ပျံ့နှံ့မှုကို ကာကွယ်ရန်နှင့်ပြည်ပရှိ ဂျပန်နိုင်ငံသားများ၏ လုံခြုံမှုကို ကာကွယ်ရန် အစွမ်းကုန်ကြိုးစားသွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

 

ဗိုင်းရပ်စ်ပိုးကို စမ်းသပ်မှုများပြုလုပ်နိုင်ရန် တစ်ကိုယ်ရည်သန့်ရှင်းရေးဓာတ်ခွဲခန်းသုံး ပစ္စည်းများကို  သေချာစစ်ဆေးရန် ဝန်ကြီးများကို ၎င်းက ပြောကြားခဲ့သည်။

 

ဗိုင်းရပ်စ်အသစ်ကြောင့် ဖြစ်ပေါ်လာသည့် အဆုတ်ရောင်ရောဂါသည် တရုတ်နိုင်ငံဝူဟန်မြို့၌ ပျံ့နှံ့လျက်ရှိပြီး အခြားနိုင်ငံများ၌လည်း ကူးစက်မှုများပြားလာခြင်း ဖြစ်သည်။

 

ဂျပန်နိုင်ငံ၌လည်း ဒုတိယမြောက် ဗိုင်းရပ်စ်ကူးစက်ခံနေရကြောင်း ယနေ့တွင် အတည်ပြုခဲ့သည်။

 

လူအများကို အလွန်အမင်း စိုးရိမ်ထိန့်လန့်ခြင်း မရှိကြရန် အာဘေးက ထပ်လောင်းပြောကြားခဲ့သည်။

 

လူအများအနေဖြင့် ကိုယ်ကို ကာကွယ်နိုင်ရန် အထွေထွေ ကြိုတင်ကာကွယ်မှုများ ပြုလုပ်ရန်နှင့် အခြေအနေကို အေးဆေးတည်ငြိမ်စွာ ရင်ဆိုင်သင့်ကြောင်း အာဘေးက ပြောကြားခဲ့သည်။

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်