ကိုယ်လက်လှုပ်ရှား ဆေးတစ်ပါးကိုယ်ကာယလေ့ကျင့်ခန်းများ ပူးပေါင်းဆောင်ရွက်

ဟားခါး       ၂၂    ဖေဖော်ဝါရီ        

မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ်နှင့် ချင်းပြည်နယ် အားကစားနှင့်ကာယပညာဉီးစီးဌာနတို့ ပူးပေါင်း ကျင်းပသည့် ကိုယ်လက်လှုပ်ရှား ဆေးတစ်ပါးကိုယ်ကာယလေ့ကျင့်ခြင်း အခမ်းအနားကို ယနေ့နံနက် ၇ နာရီက ဟားခါးမြို့ ဝမ္မသူးမောင်အားကစားကွင်း၌ ကျင်းပသည်။

 

‌ေ

 

ကိုယ်ကာယလေ့ကျင့်ခြင်း အခမ်းအနားတွင် Dingdi Dream Organization နာယက ဒေါက်တာ အန်နာရွှေလွှမ်းက အမှာစကားပြောကြားပြီး မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ်ဉက္ကဌ ဒေါ်ခင်လေးက ကိုယ်ကာယလေ့ကျင့်ခန်းများ ဆောင်ရွက်ခြင်းဖြင့်ရရှိလာမည့်အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားပြီးနောက် Dingdi Dream Organization နာယက ဒေါက်တာ အန်နာရွှေလွှမ်းနှင့်တက်ရောက် လာကြသူများက ကိုယ်လက်လှုပ်ရှားဆေးတစ်ပါး အစီအစဉ်အား အတူတကွဆင်နွှဲခဲ့ကြပြီး ကိုယ်ကာယလေ့ကျင့်ခန်းများ ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း၊အဆိုပါအခမ်းအနားသို့ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဉီးဝင်းမြင့်ကျော်၊ ပြည်နယ်လူမှုရေးဝန်ကြီးပေါင်လွန်းမင့်ထန်၊ ချင်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဉီးတိုးဝင်း၊မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ်ဉက္ကဌ ဒေါ်ခင်လေးနှင့်အဖွဲ့ဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံပြည်သူများနှင့် ကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

 

‌ေ

 

ကျော်စွာ(ပြန်/ဆက်)