ကလေးစာပေပွဲတော် (ရေကြည်)ဒုတိယနေ့တွင် ကျောင်းသား/သူများက အကအလှသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်   

ရေကြည်  ၂၅   ဇန်နဝါရီ  

ကလေးစာပေပွဲတော် စာအုပ်စာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲတော်(ဒုတိယနေ့)ကို ယနေ့နံနက် ၉ နာရီအချိန်က ဆက်လက်ကျင်းပလျှက်ရှိရာ ဖျော်ဖြေရေး အစီအစဉ်များတွင်ကျောင်းသား/ကျောင်းသူများ၏ အကအလှသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြောင်း သိရသည်။

 

‌ေ

 

အဆိုပါ ကလေးစာပေပွဲတော် ဖျော်ဖြေရေးအနေဖြင့် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းပေါင်းစုံမှ ကျောင်းသား/ကျောင်းသူများက  "မင်္ဂလာပါ ၊မင်္ဂလာပါ မြန်မာ ၊ ကောင်းချီးသိခါ ၊ ဧရာတိုင်းအလှ၊ ထာဝရသစ္စာ၊ ကျေးဇူးတင်ပါတယ်ရှင်၊ ပြုံးပြုံးလေးနေ၊ မယ်ခုမျော်၊ ကိန္ဒရာအက၊ ပြည်ထောင်စုအင်အား ၊ ဗေဒါရီ၊ ရွှေပြည်စိုး၊ လောကရဲ့အားမာန်၊ နန်းဘုံသီတာဗွေ၊ ပျူခေတ်အက၊ ပျော်ရွင်လှုပ်ရှား အားကစား၊ ရွှေဘိုသနပ်ခါး၊ အရိန္ဒမာအသိဆုံးပါ၊ တောင်ရောင်နေ၊ မြန်မာ့အက၊ အေရိုးဗစ်၊ ချစ်လိပ်ပြာလေး ချာချာလည်၊ ဦးရွှေမိုးနဲ့ဒေါ်မိုး၊ ပန်းရည်ဘဏ်တိုက်၊ Fitness Dance၊ ခေတ်၅ခေတ်၊ မှုန်ရွှေရည်၊ မဂကထန်လိပ်၊ ငြိမ်းအေးတို့ရွာ၊ တောင်ယာဝင်ချိန်၊သွေးချင်တို့ရဲ့မြန်မာ၊ မဟာနွယ်ထာဝရမြန်မာသီချင်း" တို့ဖြင့် ကပြဖျော်ဖြေခဲ့ကြောင်း သိရသည်။

အောင်သူဟန်၊ စိုးမင်းဦး၊ ကိုနေဝင်း (ပြန်/ဆက်)