ကလေးခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ  မြစ်သာမြစ်အတွင်း ငါးကောင်ရေ (၁)သိန်း စိုက်ထည့်

ကလေး ၂၇ စက်တင်ဘာ

 

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ် အောင်မေတ္တာရပ်ကွက်ရှိ မြစ်သာမြစ်အတွင်း ကလေးခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှဝန်ထမ်းများက ငါးသယံဇာတ တိုးပွားစေရေးအတွက် ယနေ့နံနက် ၈နာရီက  ငါးကောင်ရေ (၁)သိန်း စိုက်ထည့်ခဲ့ကြကြောင်းသိရသည်။

 

“ကျွန်မတို့ဌာနအနေနဲ့ ကလေးမြို့နယ်အတွင်းမှာ ငါးမျိုးပြုန်းတီးမှုကိုကာကွယ်ရန်နှင့်ရေချို ငါးလုပ်ငန်းရေပြင်များ ပျက်စီးခြင်းမှ ကာကွယ်စောင့်ရှောက်ရန်နောက်ပြီးတော့ တိုင်းဒေသကြီးရန်ပုံငွေ အတွက် အခွန်အခရရှိစေရန်တို့ကိုရည်ရွယ်ပြီးတော့ ငါးသားပေါက်တွေကိုစိုက်ထည့်ရခြင်းဖြစ်ပါတယ်၊ စိုက်ထည့်မှာကတော့ ငါးမြစ်ချင်းအကောင်ရေ (၅)သောင်းနဲ့ထိုင်းငါးခုံးမ အကောင်ရေ(၅)သောင်း စုစုပေါင်းအကောင်ရေ (၁)သိန်းကို စိုက်ထည့်မှာဖြစ်ပါတယ်” ဟု ကလေးခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ ဒေါ်ခင်မိုးလွင်က အခုလိုပြောကြားခဲ့ပါတယ်။

 

ကလေးခရိုင် ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ၂၀၁၉ခုနှစ်အတွင်း ငါးမြစ်ချင်းသားပေါက်အကောင်ရေ (၁)သိန်းကို မြစ်သာမြစ်အတွင်းစိုက်ထည့်ခဲ့ပြီဖြစ်ကြောင်းနှင့် ငါးသံဇာတမပြုန်းတီးစေရေးတို့အတွက် ငါးလုပ်ငန်းဆိုင်ရာ လက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေကာ ပြည်သူများအား အသိပညာပေးခြင်းများကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ထန်းဖုန်(ပြန်/ဆက်)