ကမ္ဘာကျော် ဘောလုံးသမားကြီး မာရာဒိုနာ အသက် ၆၀ ပြည့်ပြီ

၂၉ အောက်တိုဘာ

ကမ္ဘာကျော် အာဂျင်တီးနား ဘောလုံးသမား ဒီရာဂို မာရာဒိုနာဟာ သောကြာနေ့မှာ အသက် ၆၀ ပြည့်မှာ ဖြစ်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်မှု မြင့်မားနေတဲ့အတွက် အသက် ၆၀ ပြည့်မွေးနေ့ကို သီးခြားတစ်ကိုယ်တည်း ကျင်းပရမှာဖြစ်ပါတယ်။ 

မာရာဒိုနာဟာ လွန်ခဲ့တဲ့ အနှစ် ၂၀ လောက်ကစကာ နှလုံးရောဂါ ခံစားနေရပြီး၊ အသည်းရောင် ရောဂါလည်း ရှိဖူးသူဖြစ်ပါတယ်။ မာရာဒိုနာရဲ့ ကိုယ်ရံတော်တစ်ဦးဟာ အခုသီတင်းပတ်အတွင်းမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့တာပဲ ဖြစ်ပါတယ်။ ဒီအတွက် ကြိုတင်ကာကွယ်တဲ့အနေနဲ့ မာရာဒိုနာဟာ မွေးနေ့မှာ တစ်ဦးတည်း သီးခြားနေရမှာလို့ ဆိုပါတယ်။ 

အာဂျင်တီးနားနိုင်ငံ မြို့တော် ဘရူနိုအဲရိစ် အနီးရှိ ဆင်းရဲသားရပ်ကွက်မှာ ၁၉၆၀ ခုနှစ် အောက်တိုဘာ ၃၀ ရက်နေ့မှာ မာရာဒိုနာကို မွေးဖွားခဲ့ပါတယ်။ 

၁၉၈၆ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဂျင်တီးနားအသင်း ဗိုလ်စွဲအောင် အသက် ၂၅ နှစ်အရွယ် မာရာဒိုလည်း ပါဝင်စွမ်းဆောင်ခဲ့တယ်လို့ ဆိုရမှာဖြစ်ပါတယ်။ ၁၉၉၀ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ မြောက်ဂျာမနီကို ၁ ဂိုး ဂိုးမရှိ နဲ့ အာဂျင်တီးနားအသင်း အရှုံးနဲ့ ရင်ဆိုင်ရချိန်မှာတော့ မာရာဒိုနာ တစ်ယောက် မျက်ရည်အိုင်ထွန်းခဲ့တာကို ဘောလုံးဝါသနာရှင်တွေကြားမှာ စွဲထင်နေခဲ့ပါတယ်။ 

တောင်အာဖရိကနိုင်ငံမှာ ကျင်းပခဲ့တဲ့ ၂၀၁၀ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ မာရာဒိုနာဟာ အာဂျင်တီးနားအသင်းကို နည်းပြအဖြစ် တာဝန်ယူပြီး ကွာတားဖိုင်နယ်မှာ ဂျာမနီကို ၄ ဂိုး၊ ဂိုး  မရှိနဲ့ ရှုံးပြီး ပြိုင်ပွဲက ထွက်ခွာခဲ့ရပါတယ်။

မာရာဒိုနာဟာ ဘောလုံးကစားခြင်းကို နှစ်ပေါင်း ၂၁ နှစ် ကစားခဲ့ပြီး ပွဲစဉ်ပေါင်း ၆၇၉ ပွဲ မှာ ဂိုးပေါင်း ၃၄၆ ဂိုး သွင်းယူနိုင်ခဲ့တဲ့ ကမ္ဘာကျော် ဘောလုံးသမားဖြစ်ပါတယ်။

MDN
ကိုးကား - AFP