ကမ္ဘာ့ကြက်တောင်ချန်ပီယံ မလေးနိုင်ငံတွင်ယာဉ်တိုက်မှုဖြစ်ပွားရာ ဒဏ်ရာရရှိ

၁၃ ဇန်နဝါရီ

ကမ္ဘာ့ကြက်တောင်ချန်ပီယံ ကန်တိုမိုမိုတာ လိုက်ပါလာသောယာဉ်ဟာ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့အနီးမှာ ယာဉ်တိုက်မှုဖြစ်ပွားရာ  မိုမိုတာ ဒဏ်ရာရရှိခဲ့ပြီး သူ့ကားမောင်းသမားကတော့ ဖြစ်ပွားရာနေရာတွင်မှာ သေဆုံးခဲ့ပါတယ်။ မိုမိုတိုဟာ မလေးရှားနိုင်ငံမှာ ကျင်းပနေတဲ့ မလေးရှားမာစတာ ပွဲစဉ်မှာ အနိုင်ရပြီး နာရီပိုင်းအတွင်းမှာ ကားတိုက်မှုဖြစ်ပွားခဲ့တာလို့ သိရပါတယ်။

 

018

 

ဂျပန်နိုင်ငံသား အသက် ၂၅ နှစ်အရွယ် မိုမိုတာနဲ့ အဖွဲ့ကို ကွာလာလမ်ပူလေဆိပ်သို့ လိုက်လံပို့ဆောင်စဉ် လေဆိပ်မရောက်မီ ကားတိုက်မှုဖြစ်ပွားရာ မိုမိုတာဟာ နှာခေါင်းရိုးကျိုးခဲ့ပြီး မျက်နှာမှာလည်း ပြတ်ရှဒဏ်ရာရရှိခဲ့ကြောင်း၊ မိုမိုတာရဲ့ လက်ထောက်နည်းပြ၊ ကြက်တောင်အသင်းရဲ့ တာဝန်ရှိသူနဲ့ ကျန်းမာရေးမှူးတို့ဟာလည်း ဒဏ်ရာအနည်းငယ်စီရရှိခဲ့ကြောင်း မလေးရှားရဲတပ်ဖွဲ့ကပြောပါတယ်။  

 

0138

 

မလေးရှား အားကစားဝန်ကြီးက မိုမိုတာလို ကြက်တောင်ချန်ပီယံပါဝင်နေတဲ့ ယာဉ်တိုက်မှုဟာ စိတ်မကောင်းစာရာ အဖြစ်အပျက်ပါ။ အခြေအနေက ပြန်လည်ကောင်းမွန်နေသလို မိုမိုတာနဲ့ လိုက်ပါလာတဲ့ လေးဦးရဲ့ အခြေအနေကလည်း တည်ငြိမ်ကြောင်း မိုမိုတာ တက်ရောက်ဆေးကုသခံယူနေတဲ့ ဆေးရုံကို သွားရောက်ကြည့်ရှု့ပြီးနောက် အခုလိုပြောကြားတာဖြစ်ပါတယ်။ 

တနင်္ဂနွေနေ့က ကျင်းပခဲ့တဲ့ မလေးရှားမာစတာပွဲရဲ့ ဗိုလ်လုပွဲပွဲစဉ်မှာ မိုမိုတာက ဒိန်းမတ်နိုင်ငံသား ဗစ်တာအက်လက်ဆန် ကို ၂၄-၂၂, ၂၁-၁၁ နဲ့ လွယ်လွယ်ကူကူအနိုင်ရယူခဲ့ပါတယ်။ အခုအနိုင်ရယူလိုက်နိုင်ခြင်းဟာ ဇူလိုင်လမှာ ကျင်းပမယ့် တိုကျို အိုလံပစ်ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုရရှိရန် အလေးသာနေခဲ့ပါတယ်။  

လက်ရှိအချိန်မှာ မိုမိုတာဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံး အားကစားသမားအဖြစ်တည်ရှိနေပြီး ၂၀၁၉ ခုနှစ်မှာ ဆုတံဆိပ်ပေါင်း ၁၁ ခုရရှိခဲ့တဲ့အတွက် မှတ်တမ်းတင်ထားသူဖြစ်ပါတယ်။ 

MDN
ကိုးကား - AFP