ကမ္ဘာ့ကပ်ရောဂါပိုး ဖြစ်ပွားနေတဲ့အတွက် နိုင်ငံရွှေ့ပြောင်းသွားလာသူ ၃၀ ရာခိုင်နှုန်း ကျဆင်းကြောင်း ကုလသမဂ္ဂ ထုတ်ပြန်

၁၆ ဇန်နဝါရီ

 

ကိုရိုနာဗိုင်းရပ်စ်ပိုး ဖြစ်ပွားနေတဲ့အတွက် ကမ္ဘာမှာ နိုင်ငံရွှေ့ပြောင်း နေထိုင်သူ ဦးရေ ၃၀ ရာခိုင်နှုန်း ကျဆင်းပြီး ၂၀၁၉ ကနေ ၂၀၂၀ အတွင်း ရွှေ့ပြောင်း နေထိုင်မယ့်သူ အရေအတွက် ၂ သန်း လောက်အထိ ကျဆင်းတယ်လို့ ပြောနိုင်ကြောင်း ကုလသမဂ္ဂရဲ့ ကြာသပတေးနေ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

 

၂၀၂၀ ပြည့်နှစ်အတွင်း လူဦးရေ ၂၈၁ သန်းဟာ သူတို့ မွေးဖွားရာ နိုင်ငံတွေရဲ့ အပြင်မှာ ရောက်ရှိနေကြောင်း “နိုင်ငံတကာ ရွှေ့ပြောင်းနေထိုင်ခြင်း ၂၀၂၀” လို့ အမည်ပေးထားတဲ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။ စုစုပေါင်း လူဦးရေ ၂၈၁ သန်းရဲ့ သုံးပုံနှစ်ပုံဟာ နိုင်ငံ ၂၀ မှာ ရောက်ရှိနေကြောင်း၊ အမေရိကန်နိုင်ငံဟာ ထိပ်ဆုံးမှာ ရှိနေပြီး ၂၀၂၀ ခုနှစ်အတွင်း နိုင်ငံတကာ ရွှေ့ပြောင်းနေထိုင်သူ ၅၁ သန်း ရောက်ရှိနေ‌ကြောင်း ရေးသားထားပါတယ်။

 

mdn

 

အမေရိကန်နိုင်ငံရဲ့နောက်မှာ နိုင်ငံရွှေ့ပြောင်းနေထိုင်သူတွေ အများဆုံးရောက်ရှိနေတဲ့ နိုင်ငံတွေ ကတော့ ဂျာမနီမှာ ၁၆ သန်း၊ ဆော်ဒီအာရေဗျမှာ ၁၃ သန်း၊ ရုရှားမှာ ၁၂ သန်းနဲ့ ဗြိတိန်မှာ ၉ သန်း အသီးသီး ရှိနေပါတယ်။

 

ကမ္ဘာမှာ အိန္ဒိယနိုင်ငံသားများဟာ မိမိမွေးရပ်နိုင်ငံကနေ ရွှေ့ပြောင်းသူ အများဆုံးဖြစ်ပြီး ၂၀၂၀ ပြည့်နှစ်အတွင်းမှာ ၁၈ သန်း နိုင်ငံပြင်ပမှာ နေထိုင်တာကို တွေ့ရပါတယ်။ အဲဒီနောက် ရုရှားနဲ့ မက္ကဆီနိုင်ငံသား ၁၁ သန်းစီ၊ တရုတ်နိုင်ငံသား ၁၀ သန်း နဲ့ ဆီးရီးယားနိုင်ငံသား ၈ သန်းတို့ဟာ နိုင်ငံရွှေ့ပြောင်းသူစာရင်းမှာ အသီးသီးပါရှိနေပါတယ်။

 

၂၀၂၀ ပြည့်နှစ်အတွင်းမှာ ဉရောပနိုင်ငံတွေကို အများစု ပြောင်းရွှေ့လာကြပြီး  လူဦးရေ ၈၇ သန်း ပြောင်းရွှေ့လာကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

MDN

ကိုးကား - AFP