ကမ္ဘာတစ်ဝန်း ကိုဗစ်-၁၉ ကူးစက်ပျံ့နှံ့မှု သန်း ၄၀ ကျော်လွန်လာမှုနှင့်အတူ

ထွန်းသစ်စ

 

ကိုဗစ်-၁၉ ဟာ ကမ္ဘာတစ်ဝန်း အရှိန်အဟုန်ကောင်းကောင်းနဲ့ ကူးစက်ဖြစ်ပွားလျက်ရှိပါတယ်။ အခုဆိုရင် ကမ္ဘာပေါ်ရှိ နိုင်ငံပေါင်း ၁၈၉ နိုင်ငံမှာ ကိုဗစ်- ၁၉ အတည်ပြု လူနာပေါင်းဟာ သန်း ၄၀ ကျော်သွားပါပြီ။ ထို့အတူ သေဆုံးသူအရေအတွက်ဟာလည်း တစ်သန်းကျော်လွန်လာပြီ ဖြစ်ပါတယ်။ ကိုဗစ်-၁၉ ကို ကနဦး ထိန်းချုပ်နိုင်ခဲ့တဲ့နိုင်ငံ တွေမှာ အခုတစ်ခါ ကိုဗစ်-၁၉ ရောဂါဟာ ဒုတိယလှိုင်းအနေနဲ့ ပြန်လည်ကူးစက်ဖြစ်ပွားခဲ့ပြီး ကူးစက်တဲ့ပမာဏ တိုးလာသလို သေဆုံးတဲ့ပမာဏလည်း တိုးလာတာကို တွေ့ရပါတယ်။

 

ကိုဗစ်-၁၉ အန္တရာယ်ကို သတိထားရဦးမယ်

ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုဟာ လွန်ခဲ့တဲ့ လအနည်းငယ်အတွင်းမှာပဲ ကမ္ဘာ့နိုင်ငံနဲ့ဒေသအတော် များများမှာ မြင့်မားလာပါတယ်။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက ကိုဗစ်-၁၉ ကာကွယ်ဆေးကို ကျယ်ကျယ် ပြန့်ပြန့်မသုံးနိုင်သေးခင်မှာ ကမ္ဘာတစ်ဝန်း ကိုဗစ်-၁၉ ရောဂါနဲ့ သေဆုံးနိုင်တဲ့သူဟာ နှစ်သန်းအထိ ရောက် လာနိုင်တယ်လို့ သတိပေးထားပါတယ်။ ဆိုလိုတာက တော့ ကမ္ဘာတစ်ဝန်းမှာ အကြမ်းဖျင်းအားဖြင့် ၁၀ ယောက်မှာ တစ်ယောက် ကိုဗစ်-၁၉ ကူးစက်ခံရနိုင် တဲ့သဘောဖြစ်ပြီးတော့ ကိုဗစ်-၁၉ အန္တရာယ်ကို သတိထားနေရဦးမယ်ဆိုတဲ့သဘောပဲ ဖြစ်ပါတယ်။

ကိုဗစ်-၁၉ ကူးစက်မှုတွေ ပြန်လည်တိုးလာတာ ကြောင့် ဥရောပမှာ အခုဆိုရင်တော့ အသွားအလာ ကန့်သတ်ပိတ်ဆို့မှုတွေ ပြန်လည်ပြုလုပ်နေရပါပြီ။ ကိုဗစ်-၁၉ အတည်ပြုလူနာနဲ့ ဆေးရုံတက်ရောက်ကုသ မှုတွေဟာ ဥရောပနိုင်ငံ အတော်များများမှာ ပြန်လည် တိုးလာခဲ့ပါတယ်။

 

ထိန်းချုပ်မှုတွေ ဆောင်ရွက်နေ

ကိုဗစ်-၁၉ ကို ထိန်းချုပ်ဟန့်တားနိုင်ဖို့ ဘယ်လ် ဂျီယံနိုင်ငံမှာ နိုင်ငံတစ်ဝန်း ညမထွက်ရအမိန့် ထုတ်ထား ပြီးတော့ ဆွစ်ဇာလန်နိုင်ငံမှာလည်း အများပြည်သူ နေရာတွေမှာ မျက်နှာအကာအကွယ်တပ်ဆင်မှုကို တနင်္လာနေ့ကစပြီး လုပ်ဆောင်ရမယ်လို့ အမိန့်ထုတ် ထားသလို ပြင်သစ်နိုင်ငံမှာလည်း ၉ နာရီ ညမထွက်ရ အမိန့်ကို အဓိကမြို့ကြီးတွေမှာ ယခုသီတင်းပတ်အဆုံး မှာ ထုတ်ပြန်လိုက်ပြီ ဖြစ်ပါတယ်။

 

ကိုဗစ်- ၁၉ စတင်ဖြစ်ပွားခဲ့တဲ့အချိန်ကတည်းက စကာ အခုအချိန်မှာတော့ ဂျာမနီ၊ အီတလီ၊ ပေါ်တူဂီနဲ့ အင်္ဂလန်နိုင်ငံတို့မှာ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားတဲ့နှုန်း ဟာ အမြင့်ဆုံးဖြစ်ခဲ့ပါတယ်။ အသွားအလာကန့်သတ် ပိတ်ဆို့မှုတွေနဲ့ တခြားကန့်သတ်ပိတ်ဆို့မှုတွေကို ကိုဗစ်- ၁၉ ဆိုးရွားစွာ ထိခိုက်တဲ့ဒေသတွေမှာ ပြန်လည်ချမှတ် လုပ်ဆောင်လာခဲ့ကြပါတယ်။ ထို့အတူ မျက်နှာဖုံးအကာတွေနဲ့ လူမှုဝေးကွာစနစ်တွေကို လိုက်နာဖို့လည်း ချမှတ်လုပ်ဆောင်ခဲ့ကြပါတယ်။

 

ကူးစက်မှုတွေ ပြန်လည်တိုး

ဥရောပမှာ ကန့်သတ်ပိတ်ဆို့မှုတွေ လျှော့ချလိုက် ချိန်မှာ နောက်တစ်ခါ ကိုဗစ်- ၁၉ ကူးစက်မှုတွေဟာ ပြန်လည်တိုးလာခဲ့ပါတယ်။ အစ္စရေးမှာလည်း လွန်ခဲ့တဲ့စက်တင်ဘာလနှောင်းပိုင်းမှာ နေ့စဉ် ကိုဗစ်- ၁၉ ကူးစက်မှုနှုန်းတိုးလာတဲ့အတွက် နိုင်ငံတစ်ဝန်း အသွား အလာကန့်သတ်ပိတ်ဆို့မှုတွေကို ပြန်လည်ကျင့်သုံး ခဲ့ရပါတယ်။ အဲဒီကန့်သတ်ပိတ်ဆို့မှုကို အောက်တိုဘာ လကုန်မှာ တဖြည်းဖြည်းချင်း ဖယ်ရှားဖို့ အခြေအနေ ကြည့်နေကြပါတယ်။

ပီရူးနိုင်ငံမှာလည်း သူ့ရဲ့နယ်စပ်တွေကို ခုနစ်လကြာပြီး တဲ့နောက်မှာ ပထမဆုံးအကြိမ် ပြန်လည်ဖွင့်လှစ်ခဲ့ပါတယ်။ ကနေဒါနဲ့ ရုရှားနိုင်ငံအပါအဝင် တခြားနိုင်ငံတွေမှာလည်း ကိုဗစ်- ၁၉ ကူးစက်မှု ပြန်လည်တိုးလာခဲ့ပါတယ်။ ကမ္ဘာ တစ်ဝန်း နေ့စဉ် ကိုဗစ်- ၁၉ ကူးစက်မှုနှုန်းဟာ တိုးလာ ပါတယ်။ လက်တင်အမေရိကနဲ့ ဘရာဇီးမှာဆိုရင် ကိုဗစ်- ၁၉ အတည်ပြုလူနာပေါင်းဟာ ငါးသန်းကျော်လွန် လာပြီ ဖြစ်ပါတယ်။ အာဂျင်တီးနားနိုင်ငံဟာ ကိုဗစ်- ၁၉ ကူးစက်မှု နှုန်း တစ်သန်းကျော်လွန်လာခဲ့တဲ့ ငါးနိုင်ငံမြောက် နိုင်ငံတစ် နိုင်ငံ ဖြစ်ပါတယ်။ ထို့အတူပဲ နေ့စဉ် ကိုဗစ်- ၁၉ ကူးစက်မှု နှုန်းဟာလည်း တိုးလာလျက်ရှိပါတယ်။

 

အရှေ့တောင်အာရှမှာ သေဆုံးမှုအမြင့်ဆုံးနိုင်ငံ

အလားတူ အင်ဒိုနီးရှားနိုင်ငံမှာလည်း ကိုဗစ်- ၁၉ ကူးစက်မှုနှုန်းဟာ ဆက်လက်တိုးလာလျက်ရှိပြီးတော့ သေဆုံးသူ ၁၂၀၀၀ ကျော်လာခဲ့ပြီး အရှေ့တောင်အာရှမှာ သေဆုံးမှုအမြင့်ဆုံး နိုင်ငံတစ်နိုင်ငံ ဖြစ်လာခဲ့ပါတယ်။

အရှေ့အလယ်ပိုင်းမှာဆိုရင်လည်း အီရတ်နိုင်ငံမှာ နေ့စဉ် ကိုဗစ်- ၁၉ ကူးစက်မှုနှုန်းဟာ ဇွန်လကတည်းကစပြီး တိုးလာလျက်ရှိပါတယ်။ အခုဆိုရင် နိုင်ငံအတွင်း ကိုဗစ်- ၁၉ အတည်ပြုလူနာပေါင်းဟာ လေးသိန်းကျော်လွန်လာခဲ့ပြီ ဖြစ်ပါတယ်။ သို့သော်လည်း အခုအခါမှာတော့ ကူးစက်မှု အနည်းငယ်ကျဆင်းလာတဲ့ အရိပ်အယောင်တွေ့နေရပါ တယ်။

 

 

အာရှမှာ ကိုဗစ်- ၁၉ ကူးစက်မှု ကြောက်စရာအကောင်းဆုံးနိုင်ငံ

 

အိန္ဒိယနိုင်ငံဟာ အာရှမှာတော့ ကိုဗစ်- ၁၉ ကူးစက်မှု မှာ ကြောက်စရာကောင်းလောက်အောင် အရှိန်အဟုန် ကောင်းကောင်းနဲ့ တိုးနေပါတယ်။ အခုဆိုရင် နိုင်ငံ အတွင်းမှာ ကိုဗစ်- ၁၉ ကူးစက်သူပေါင်းဟာ ခုနစ်သန်းကျော် လွန်ခဲ့ပြီဖြစ်သလို အမေရိကန်ပြီးရင် ကမ္ဘာ့ဒုတိယအများဆုံး ကိုဗစ်- ၁၉ ကူးစက်မှုဖြစ်ပွားတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်လာပါ တယ်။ သို့သော်လည်း စက်တင်ဘာလလယ်မှစကာ ကိုဗစ်- ၁၉ ကူးစက်ဖြစ်ပွားမှုနှုန်းဟာ အနည်းငယ်ကျဆင်း လာပါတယ်။ အိန္ဒိယလိုမျိုး လူဦးရေအနေအထားနဲ့ဆိုရင် ကိုဗစ်- ၁၉ ကြောင့် သေဆုံးသူဦးရေဟာ မပြောပလောက်ပါ ဘူး။

 

စာရင်းမှန်နဲ့ ကွာဟမှုရှိ

အာဖရိကတိုက်မှာလည်း ကိုဗစ်- ၁၉ ကူးစက်မှုနှုန်း ဟာ ၁ ဒသမ ၅ သန်း ကျော်လွန်လာပြီ ဖြစ်ပါတယ်။ သို့သော်လည်း ကိုဗစ်- ၁၉ စစ်ဆေးမှုအရေအတွက်ဟာ နည်းသေးတဲ့အတွက် တကယ့်ကိုဗစ်- ၁၉ ကူးစက်မှု နှုန်းရဲ့ အတိအကျပမာဏကို သိရဖို့ မလွယ်လောက် ပါဘူး။

တောင်အာဖရိကမှာလည်း ကိုဗစ်- ၁၉ ဖြစ်ပွားသူ ခုနစ်သိန်းရှိပြီး ၁၈၀၀၀ ခန့် သေဆုံးခဲ့ပါတယ်။ မော်ရိုကို နဲ့ အီဂျစ်နိုင်ငံတို့ဟာ ကိုဗစ်- ၁၉ ကူးစက်မှု တစ်သိန်း ကျော်လွန်ခဲ့တဲ့နိုင်ငံတွေ ဖြစ်ပါတယ်။

 

ကိုဗစ်- ၁၉ ကူးစက်ခံရသူ သန်း ၄၀ ကျော် တဲ့ပမာဏဟာ ကမ္ဘာတစ်ဝန်း တကယ်ဖြစ်ပွားတဲ့နှုန်းနဲ့ ဆိုရင် ဒီထက်ပိုပြီးများနိုင်တဲ့ အနေအထားရှိပါတယ်။ ထို့အတူပဲ သေဆုံးသူ ၁ ဒသမ ၁ သန်း ကျော်လွန်လာ တယ်ဆိုတာကလည်း တကယ့်အမှန်စာရင်းနဲ့ ကွာဟမှု တွေ ရှိနေနိုင်ပါတယ်။

 

 

ကူးစက်မှုနှေးကွေးအောင်လုပ်ဆောင်ဖို့တိုက်တွန်း

 

လွန်ခဲ့တဲ့သီတင်းပတ်က ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဥရောပဟာ အပတ်စဉ် ကိုဗစ်- ၁၉ ကူးစက်မှုနှုန်းမှာ ခုနစ်သိန်းနီးပါးရောက်ရှိလာတယ်လို့ ဖော်ပြခဲ့ပါတယ်။ ထို့အတူပဲ ဥရောပဟာ ကမ္ဘာလုံးဆိုင်ရာ ကိုဗစ်- ၁၉ ကူးစက်မှုရဲ့ သုံးပုံပုံ တစ်ပုံလောက် ရှိပါတယ်။ အင်္ဂလန်၊ ပြင်သစ်၊ ရုရှားနဲ့စပိန်နိုင်ငံတို့မှာ ကိုဗစ်- ၁၉ ကူးစက် ဖြစ်ပွားမှုနှုန်းဟာ ဒေသအတွင်း ကိုဗစ်- ၁၉ ကူးစက်မှု အသစ်ရဲ့ ထက်ဝက်လောက်ရှိပါတယ်။ ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့ကြီးက ဆက်လက်ပြီး ဥရောပနိုင်ငံတွေရဲ့ အထူးကြပ်မတ်ကုသဆောင်တွေမှာ ကိုဗစ်- ၁၉ လူနာတွေနဲ့ ပြည့်နေနိုင်တယ်လို့ ပြောကြား လိုက်ပြီး အစိုးရတွေနဲ့ နိုင်ငံသားတွေကို ကိုဗစ်- ၁၉ ကူးစက်မှု နှေးကွေးအောင် လုပ်ဆောင်ဖို့လည်း တိုက်တွန်း လိုက်ပါတယ်။

 

ဘယ်ဆေးအစွမ်းထက်ဆုံးဖြစ်မလဲ

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် တက်ဒရော့စ် အက်ဒါနွန် ဂီဘရီယက်စ်ဆုစ်က ၂၀၂၀ ပြည့်နှစ်အကုန်မှာ ဘယ် ကိုဗစ်- ၁၉ ကာကွယ်ဆေးက အစွမ်းထက်ဆုံးဖြစ်လာမလဲဆိုတာကို ဆုံးဖြတ်နိုင် တော့မှာဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။

 

ကမ္ဘာတစ်ဝန်းမှာရှိတဲ့ အစိုးရတွေဟာ ပြည်သူ့ လှုပ်ရှားမှုတွေကို တားမြစ်ကန့်သတ်ထားသလို စီးပွားရေးလုပ်ငန်းတွေကိုလည်း ပိတ်ဆို့ထားခိုင်းပါ တယ်။ ကိုဗစ်- ၁၉ ကြောင့် ကမ္ဘာ့စီးပွားရေးကိုလည်း ထိခိုက်မှုတွေဖြစ်စေပါတယ်။ ကိုဗစ်- ၁၉ ကြောင့် ကမ္ဘာ့လူသား ၂၆၅ သန်းအထိ ၂၀၂၀ ပြည့်နှစ်အကုန်မှာ အစာ ရေစာ ငတ်မွတ်ခေါင်းပါး မှုနဲ့ ရင်ဆိုင်ကြုံတွေ့ ရနိုင်တယ်လို့လည်း ကုလသမဂ္ဂက ပြောကြားလိုက်ပါ တယ်။ ။ကိုးကား-လော့စ်အိန်ဂျလိစ်တိုင်းမ်၊ ဘီဘီစီ