ကမ္ဘောဒီးယားတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ လေးဦး ထပ်မံတွေ့ရှိ

၁၃ ဩဂုတ်

 

 

ကမ္ဘောဒီးယားနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ထပ်မံကူးစက်ခံရသူ လေးဦးရှိပြီး ကူးစက်ခံရသူ စုစုပေါင်း ၂၇၂ ဦး ရှိလာကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

 

 

ထပ်မံ ကူးစက်ခံရသူများအနက် သုံးဦးမှာ အသက် ၂၆ နှင့် ၃၀ နှစ်အကြားရှိ ကမ္ဘောဒီးယား နိုင်ငံသားများဖြစ်ပြီး ပြီးခဲ့သည့်လက ရုရှားနိုင်ငံမှ မလေးရှား လေဆိပ်ကတစ်ဆင့် ပြန်ရောက်လာသူများ ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

 

အဆိုပါ သုံးဦး၏ နမူနာများကို ယမန်နေ့က ဆဌမအကြိမ် စမ်းသပ်စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါကူးစက် ခံရသည်ကို တွေ့ရှိရသည်။

 

 

အခြားတစ်ဦးမှာ အသက် ၂၇ နှစ်အရွယ် ကမ္ဘောဒီးယား နိုင်ငံသားတစ်ဦး ဖြစ်ပြီး ပြီးခဲ့သည့်လက အင်ဒိုနီးရှားနိုင်ငံမှ တိုက်ရိုက်လေကြောင်းဖြင့် ပြန်ရောက်လာသူ ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

 

ထိုသူ၏နမူနာကို ယမန်နေ့က ပဉ္စမအကြိမ် စမ်းသပ်စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရကြောင်း တွေ့ရှိခဲ့သည်။

 

 

ကမ္ဘောဒီးယားနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူစုစုပေါင်း ၂၇၂ ဦး ရှိကြောင်း အတည်ပြုထားပြီး ၎င်းတို့အနက် ၂၂၃ ဦး ကုသမှုခံယူပြီး ကောင်းမွန်သွားကြောင်းနှင့် ဆေးရုံတွင် ၄၉ ဦး ကုသမှုခံယူနေဆဲ ဖြစ်ကြောင်း ဖော်ပြထားသည်။

 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို