ကွမ်းလုံမြို့နယ်တွင် ရေကြီးနစ်မြုပ်၍ ပျက်စီးဆုံးရှုံးသွားသောသီးနှံများအတွက် စပါးမျိုးစေ့များ ပြန်လည် ထောက်ပံ့

ကွမ်းလုံ  ၂၇  စက်တင်ဘာ

 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွမ်းလုံမြို့နယ်၊ ကုန်းညောင်ကျေးရွာအုပ်စုနှင့် ကောင်းကျဲကျေးရွာအုပ်စု တွင် သံလွင်မြစ်နှင့် နမ့်တိန်ချောင်း ရေမြင့်တက်လာမှုကြောင့် စိုက်ပျိုးသီးနှံများ ရေကြီးနစ်မြုပ် ပျက်စီး ဆုံးရှုံးခဲ့သည့်အတွက် စိုက်ပျိုးရေးဦးစီးဌာနမှ ယာစပါးမျိုးစေ့ထောက်ပံ့ခြင်းအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက ကောင်းကျဲကျေးရွာ၌ ကျင်းပခဲ့ကြောင်း သိရသည်။

 

ကွမ်းလုံမြို့နယ်တွင် ဇွန်လ ၂၃ ရက်က သံလွင်မြစ်နှင့် နမ့်တင်ချောင်း ရေမြင့်တက်လာမှုကြောင့် ယာစပါး စိုက်ခင်းနှင့် အစေ့ထုပ်ပြောင်းစိုက်ခင်း စုစုပေါင်း(၂၉၇)ဧက နစ်မြုပ်ခဲ့ရာ (၁၅၉.၃၂)ဧက ပျက်စီးဆုံးရှုံးခဲ့ပါသည်။

 

အဆိုပါ နစ်မြုပ်ဆုံးရှုံးခဲ့သော ကုန်းညောင်ကျေးရွာအုပ်စုမှ တောင်သူ(၅)ဦးနှင့် ကောင်းကျဲ ကျေးရွာအုပ်စုမှ တောင်သူ(၁၁၈)ဦးကို (၁)ဧကလျှင် တစ်တင်းခွဲနှုန်းဖြင့် ယာစပါး(၁၅၉.၃၂)ဧကအတွက် တင်း(၂၄၀)အား တောင်သူလက်ဝယ်အရောက် ထောက်ပံ့ခဲ့ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

 

မိုင်းခိုင်ဇော်(ကွမ်းလုံ)