ကျွန်းစုမြို့တွင် ၂၀၂၀-၂၀၂၁ခု ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်လျက်ရှိသော တည်ဆောက်ရေး လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး

ကျွန်းစု  ဇွန်  ၂၅   

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ်အတွင်း ငွေလုံးငွေရင်းဖြင့် စည်ပင်သာယာရေးအဖွဲ့မှ ဆောင်ရွက်လျက်ရှိသော တည်ဆောက်ရေးလုပ်ငန်းများအား ယမန်နေ့ နံနက်ပိုင်းက ကျေးရွာများအရောက် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

စစ်ဆေးရာတွင် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးထွန်းထွန်းဦး၊ အင်ဂျင်နီယာမှူး ဦးအောင်ကိုဦးနှင့် ဝန်ထမ်းများက ပန်းဇင်ကျေးရွာ(သုခ-၁)လမ်း၌ (အရှည် ပေ(၂၃၀)၊ အကျယ် (၈)ပေ) ရှိသော ကြတ်စင်တံတား လမ်းတံတားတည်ဆောက်ခြင်းလုပ်ငန်း နှင့် ရေကန်အော်ကျေးရွာ၊ ရွှေပြည်သာရပ်၌ (အရှည် ပေ(၂၇၀)၊ အကျယ် (၈)ပေ) ရှိသော ကြတ်စင်တံတား လမ်းတံတားတည်ဆောက်ခြင်း လုပ်ငန်းများကို ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

စည်သူရအောင်(ကျွန်းစု)