ကနေဒါနိုင်ငံမှာ ဗိုင်းရပ်စ်ပိုး ဒုတိယလှိုင်းကို သတိပေးရင်း အလုပ်အကိုင် အခွင့်အလမ်း ၁ သန်း ဖန်တီးပေးမယ်လို့ ဝန်ကြီးချုပ်ပြော

၂၄ စက်တင်ဘာ

 

 

ကနေဒါနိုင်ငံမှာ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်မှုကို ဒုတိယလှိုင်းဟာ ပထမလှိုင်းထက် ပိုဆိုးနိုင်ကြောင်း သတိပေးရင်း နိုင်ငံရဲ့ စီးပွားရေးပြန်လည် ကယ်ဆယ်ရေးအတွက် အလုပ်အကိုင် အခွင့်အလမ်း  ၁ သန်း ဖန်တီးပေးမယ်လို့ ဝန်ကြီးချုပ်က ဗုဒ္ဓဟူးနေ့က ပြောကြားလိုက်ပါတယ်။

 

 

ဝန်ကြီးချုပ် ဂျက်စတင်ထရူးဒို ရဲ့ ရုပ်မြင်သံကြားကနေ ပြောကြားတဲ့ မိန့်ခွန်းထဲမှာ ကနေဒါဟာ လမ်းလယ်မှာ ရောက်နေတယ်။ ဆောင်းရာသီမှာ ဖြစ်လာနိုင်တဲ့ ဗိုင်းရပ်စ်ပိုး ကူးစက်မှုဟာ ပြီးခဲ့တဲ့ နွေဦးထက် ပိုဆိုးနိုင်ကြောင်း၊ အင်္ဂါနေ့မှာ ၂၄ နာရီအတွင်း ပိုးတွေ့ရှိသူ ၁,၀၀၀ ကျော်ရှိကြောင်း ပြောပါတယ်။

 

 

နွေဦးရာသီဖြစ်တဲ့ မတ် ၁၃ ရက် နေ့မှာ ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ ၄၇ ဦး ရှိသာရှိပြီး အဲဒီနေ့ကစပြီး ကနေဒါနိုင်ငံမှာ အသွားအလာ ကန့်သတ်ပိတ်ဆို့မှု (lockdown) စတင်ပြဋ္ဌာန်းခဲ့ပါတယ်။

 

 

ကနေဒါနိုင်ငံမှာ အကြီးဆုံး ပြည်နယ် လေးခုဟာ ဒုတိယလှိုင်း မစတင်သေးပေမယ့် ဒုတိယလှိုင်း ဖြစ်ဖို့ အခြေအနေ ဖြစ်လာနေပြီဖြစ်ကြောင်း၊ အောက်တိုဘာ ၁၂ ရက်နေ့မှာ ကျရောက်တဲ့ Thanksgiving နေ့မှာ မိသားစု စုဝေးမှာ မဟုတ်ပေမယ့် ခရစ်စမတ် အချိန်ကို အချိန်တိုလေး ရရှိနိုင်ကြောင်း  ဝန်ကြီးချုပ် က ပြောပါတယ်။

 

 

MDN

ကိုးကား - AFP