ကွန်ကရစ်ကန်လုပ်ငန်းကို မိသားစုတစ်ပိုင်တစ်နိုင်လုပ်ငန်း လုပ်ကိုင်ခြင်းဖြင့် အပိုဝင်ငွေများရရှိ

တံတားဦး ၅ ဇူလိုင်

 

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် နွားကျော်ဒရပ်တွင် ကွန်ကရစ်ကန်လုပ်ငန်းဖြင့် မိသားစုတစ်ပိုင်တစ်နိုင် လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။

 

အဆိုပါ ကွန်ကရစ်လုပ်ငန်းလုပ်ကိုင်ရာတွင် ရေထည့်အသုံးပြုသည့် ကွန်ကရစ်ကန် ဆိုဒ်အမျိုးမျိုး၊ လမ်း၊ တံတား၊ ပေါင်းကူးမြောင်းများအဖြစ် အသုံးပြုသည့် ကျောက်ဆွေအမျိုးမျိုး၊ ကျင်တွယ်ခုံအမျိုးမျိုး၊ ခြံစည်ရိုးကာရာတွင် အသုံးပြုသည့် ကျောက်တိုင်များ၊ ရေထုတ်ပြွန်များ၊ အိမ်သာသုံး ကျောက်ခွေအမျိုးမျိုးတို့ကို ပြုလုပ်ရောင်းချခြင်း ဖြစ်သည်။

 

ထိုလုပ်ငန်းများကို ဘိလပ်မြေ(၁)ဆ၊ သဲ(၂)ဆ၊ ကျောက်(၄)ဆဖြင့် ရောသမအောင်မွှေရပြီး မိမိလုပ်ကိုင်လိုသည့်ပစ္စည်းကို ပုံစံခွက်(ခေါ်)မိုထဲတွင် လောင်းထည့်ရကြောင်း၊ လောင်းထည့်ပြီး ကွန်ကရစ်ပစ္စည်းများကို တစ်ညထားရှိပြီးမှ ပုံစံခွက်များဖယ်ရကြောင်း၊ ဘိလပ်မြေ(၁)အိတ်လျှင် ကွန်ကရစ်ကန် (၂)ကန် ရရှိကြောင်း၊ အိမ်ဆောက်ကျင်တွယ်တိုင်မှာ (၂)တိုင် ရရှိကြောင်း၊ ခြံစည်းရိုးကာရာတွင် အသုံးပြုသည့် ကျောက်တိုင်ဆိုလျှင် (၃)တိုင်ရရှိကြောင်း၊ ဘိလပ်ကန် တစ်ကန်လျှင် ငွေကျပ် ၁၃၀ဝ၀ ဖြင့် ရောင်းချပြီး ဘိမြေ(၁)အိတ်ကို ကန်နှစ်ကန်ရရှိခြင်းကြောင့် မိသားစုအပိုဝင်ငွေရရှိကာ ယင်းလုပ်ငန်းကို မိသားစုဝင်များဖြင့်သာ မိရိုးဖလာလုပ်ငန်းအဖြစ် လုပ်ကိုင်ခြင်းကြောင့် စားဝတ်နေရေး အဆင်ပြေကြောင်း ကွန်ကရစ်လုပ်ငန်း လုပ်ကိုင်သူတစ်ဦးထံမှ သိရသည်။

 

ရဲတင့် (တံတားဦး ပြန်/ဆက်)