ကြည့်ရှုသူ ၁ ဒသမ ၄ ဘီလီယံ ပြည့်ခဲ့ပြီဖြစ်တဲ့ DNA

ဇန်နဝါရီ  ၂၃

တောင်ကိုရီးယားရဲ့ ကျော်ကြားတဲ့ အမျိုးသား တေးဂီတအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ BTS ဟာ ဂီတခရီးမှာ မှတ်တိုင်သစ် စိုက်ထူနိုင်ခဲ့ပြီဖြစ်ပါတယ်။ အဖွဲ့ရဲ့ ကျော်ကြားတဲ့ တေးသီချင်းတစ်ပုဒ်ဖြစ်တဲ့ DNA ရဲ့ တေးဗီဒီယိုဟာ လက်ရှိမှာ ကြည့်ရှုသူ ၁ ဒသမ ၄ ဘီလီယံပြည့်ခဲ့ပြီဖြစ်ကာ အဆိုပါ တေးဗီဒီယိုဟာ အဖွဲ့ရဲ့ တေးဗီဒီယိုတွေအနက် ကြည့်ရှုသူ ၁ ဒသမ ၄ ဘီလီယံပြည့်ခဲ့တဲ့ ဒုတိယမြောက် တေးဗီဒီယို ဖြစ်လာကြောင်း စွန်ပီဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။

အဆိုပါ တေးဗီဒီယိုဟာ ယူကျုကနေတစ်ဆင့် ကြည့်ရှုသူ ၁ ဒသမ ၄ ဘီလီယံ ပြည့်ခဲ့တာပါ။ DNA ရဲ့ တေးဗီဒီယိုကို ၂၀၁၇ ခုနှစ် နိုဝင်ဘာ ၁၈ ရက်မှာ စတင်ထုတ်လွှင့်ခဲ့တာကြောင့် လေးနှစ်ကျော် ကာလအတွင်း ယခုလို မှတ်တိုင်သစ် စိုက်ထူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

BTS ရဲ့ တေးဗီဒီယိုတွေအနက် ကြည့်ရှုသူ ၁ ဒသမ ၄ ဘီလီယံ ပထမဆုံး ပြည့်ခဲ့တဲ့ တေးဗီဒီယို ကတော့ Boy With Luv ဖြစ်ပြီးအဆိုပါတေးဗီဒီယိုဟာ ၂၀၂၁ ခုနှစ် နိုဝင်ဘာလအတွင်း ပြည့်မြောက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

အေးပြည့်