ကန်တီကို ဆုံးရှုံးခဲ့ပါက ဒီကလန်ရိုက်ကို ချယ်လ်ဆီး ခေါ်ယူမည်

၁၂  မေ

ချယ်လ်ဆီးအသင်းဟာ ကွင်းလယ်ကစားသမား ကန်တီကို ဆုံးရှုံးခဲ့ပါက အစားထိုး ကစားသမားအဖြစ် ဝက်စ်ဟမ်းအသင်းကွင်းလယ်ကစားသမား ဒီကလန်ရိုက်ကို ခေါ်ယူသွားမယ်လို့ ဆိုပါတယ်။

လက်ရှိမှာ ကန်တီကို ရီးယဲလ်မက်ဒရစ်အသင်းက ခေါ်ယူဖို့ ပစ်မှတ်ထားနေတာဖြစ်ပြီး ဒီကလန်ရိုက်ကို ခေါ်ယူဖို့ ချယ်လ်ဆီးအသင်းနဲ့ မန်ယူအသင်းတို့ အပြိုင်ကြိုးပမ်းနေတာလည်း ဖြစ်ပါတယ်။

ပြင်သစ်ကြယ်ပွင့်ကစားသမား ကန်တီဟာ ဒဏ်ရာပြဿနာတွေကြုံခဲ့လို့ အခုနှစ် ဘောလုံးရာသီမှာ ချယ်လ်ဆီးအသင်းနဲ့အတူ ပွဲစဉ်အများအပြား လွဲချော်ခဲ့ရကြောင်း၊ ကန်တီအနေနဲ့ အသင်းကနေ ထွက်ခွာမယ်ဆိုရင် တိုက်ရိုက်အစားထိုးတဲ့အနေနဲ့ ဝက်စ်ဟမ်းအသင်းမှ အင်္ဂလန်ကစားသမား ဒီကလန်ရိုက်ကို ခေါ်ယူသွားမှာဖြစ်ကြောင်း နည်းပြ ဖရန့်လမ်းပတ်က ပြောကြားခဲ့ပါတယ်။

ကန်တီဟာ လွန်ခဲ့တဲ့ငါးနှစ်အတွင်းက ဥရောပရဲ့ အကောင်းဆုံး ကွင်းလယ်ကစားသမားတွေထဲက တစ်ဦးဖြစ်ခဲ့ပြီး ချယ်လ်ဆီးအသင်း၊ လက်စတာစီးတီးအသင်းတို့နဲ့အတူ ပရီမီယာလိဂ် ဖလားနှစ်ကြိမ် ရယူနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။

ငွေကြယ်