ကပ်ရောဂါ ဖြစ်ပွားနေတဲ့ ကာလအတွင်း ကမ္ဘာ့တစ်ဝန်းက လုပ်သားတွေရဲ့ လုပ်အားခ ဒေါ်လာ ၃.၅ ထရီလီယံ ဆုံးရှုံး

၂၄ စက်တင်ဘာ

 

 

ကိုရိုနာ ဗိုင်းရပ်စ် ကပ်ရောဂါ ဖြစ်ပွားနေတဲ့ ကာလအတွင်း ကမ္ဘာ့တစ်ဝန်းက လုပ်သားတွေရဲ့ လုပ်အားခ အမေရိကန် ဒေါ်လာ ၃.၅ ထရီလီယံ ဆုံးရှုံးကြောင်း၊ ခန့်မှန်းထားတဲ့ ဆုံးရှုံးမှုထက် ပိုကြောင်း နိုင်ငံတကာ အလုပ်သမားအဖွဲ့ (ILO) က ဗုဒ္ဓဟူးနေ့မှာ ထုတ်ပြန်ကြေညာပါတယ်။

 

 

နိုင်ငံတကာက အလုပ်သမားပေါင်း သန်းချီပြီး အလုပ်လက်မဲ့ ဖြစ်ခဲ့တဲ့အတွက် လုပ်အားခတွေ အကြီးအကျယ် ဆုံးရှုံးခဲ့ကြောင်း၊ ၂၀၁၉ ဒီဇင်ဘာလကထက် ၂၀၂၀ ခုနှစ် နှစ်လယ်ပိုင်းမှာ အလုပ်ချိန် ၁၇.၃ ရာခိုင်းနှုန်း ကျဆင်းကြောင်း အဲဒီအလုပ်ချိန် ပမာဏဟာ အချိန်ပြည့် အလုပ်ချိန်ပေါင်း သန်း ၅၀၀ နဲ့ ညီမျှကြောင်း သိရပါတယ်။

 

 

အဲဒီအလုပ်ချိန်တွေဟာ အမေရိကန်ဒေါ်လာ ၃.၅ ထရီလီယံနဲ့ ညီမျှသလို တစ်နည်းအားဖြင့် ကမ္ဘာ့ထုတ်ကုန်ရဲ့ အမြတ်အစွန်းရဲ့ ၅.၅ ရာခိုင်နှုန်း ရှိတာကို တွေ့ရပါတယ်။

 

 

ပြီးခဲ့နှစ်က တရုတ်နိုင်ငံမှာ စတင်ခဲ့တဲ့ ကပ်ရောဂါပိုးဟာ ကမ္ဘာတစ်ဝန်းက လူပေါင်း ၁ သန်းနီးပါးကို သေဆုံးစေပြီး လူပေါင်း ၃၁ သန်းလောက် ရောဂါခံစားခဲ့ရပါတယ်။

 

 

ကပ်ရောဂါပိုးကြောင့် ကျန်းမာရေးဆိုင်ရာ စိန်ခေါ်မှုများ၊ အသွားအလာ ကန့်သတ်ပိတ်ဆို့မှု၊ ခရီးသွားလာရေး ကန့်သတ်မှုနဲ့ တခြားသော တားမြစ်ချက်တွေ ပြဋ္ဌာန်းပြီး ရောဂါပိုး ကူးစက်မှုကို တားဆီးရန် ကြိုးပမ်းရာ ကမ္ဘာ့တစ်ဝန်းက လုပ်ငန်းတွေနဲ့ ဝင်ငွေတွေအပေါ် ထိခိုက်မှု ရှိတာကို တွေ့ရပါတယ်။

 

 

MDN

ကိုးကား - AFP

mdn