ကရင်ပြည်နယ်၏ (၅)နှစ် ဒေသန္တရဖွံ့ဖြိုးမှုစီမံကိန်း(မူကြမ်း) ရေးဆွဲခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ဘားအံ   နိုဝင်ဘာ   ၂၇

ကရင်ပြည်နယ်၏ (၅)နှစ် ‌ဒေသန္တရဖွံ့ဖြိုးမှုစီမံကိန်း(မူကြမ်း) ရေးဆွဲခြင်းဆိုင်ရာလုပ်ငန်းညှိနှိုင်း အစည်း အဝေးကို နိုဝင်ဘာ ၂၇ ရက် နံနက်ပိုင်းက ကရင်ပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦးက အဖွင့်အမှာစကား ပြောကြားပြီး ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးစောခင်မောင်မြင့်က ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်မှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် အထိ (၅)နှစ် ဒေသန္တရဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (မူကြမ်း)နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် ကရင်ပြည်နယ် စီမံကိန်းရုံးမှ ညွှန်ကြားရေးမှူး ဦးချစ်ဝေက (၅)နှစ်စီမံကိန်းမူဘောင် (မူကြမ်း) ရေးဆွဲလျက်ရှိသည့် အခြေအနေနှင့်ပတ်သက်၍ ချိတ်ဆတ်ဆောင်ရွက်မှု၊ (၅)နှစ် အမျိုးသား ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း၊ ဦးတည်လုပ်ငန်းများ၊ ပြည်နယ်၏ ဒေသန္တရဖွံ့ဖြိုးမှု (၅)နှစ်စီမံကိန်း(မူကြမ်း)၊ စီမံကိန်း အကောင်အထည်ဖော်ရာ၌ အခြေခံဆောင်ရွက်မည့် လုပ်ငန်းစဉ်များ၊ ဦးစားပေးလုပ်ငန်း အစီအစဉ်များ၊ တိုးတက်မှုနှုန်း ရည်မှန်းချက်များ၊ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု လုပ်ငန်းများကို ရှင်းလင်းတင်ပြပြီး အဆိုပါ အထောက်အကူပြုလုပ်ငန်း များတွင်ပါဝင်သည့် ပြည်နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများက ဌာနအလိုက် ပါဝင်ဆောင်ရွက်ကြရမည့် အခန်း ကဏ္ဍများကို ရှင်းလင်းတင်ပြကြကာ အစည်းအဝေးသို့ တက်ရောက်လာသူများက ဝိုင်းဝန်းအကြံပြု ဆွေးနွေးကြသည်။ 

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ပေါင်းစပ်အကြံပြုဆွေးနွေးခဲ့ပြီး နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)