ကသာမြို့နယ်၌ ပြည်သူ ၂၇၀၆၈ ဦးကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပြီးဖြစ်

ကသာ   ဇန်နဝါရီ   ၂၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၌ မြို့နယ်အတွက် ထပ်မံရောက်ရှိလာသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို မြို့နယ်ရှိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသူများနှင့် ပထမအကြိမ် ထိုးနှံပြီးသူများအား ဇန်နဝါရီလအတွင်း ဆက်လက်ထိုးနှံပေးလျက်ရှိသည်။

ကသာမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ဇန်နဝါရီ ၂၀ ရက်အထိ မြို့နယ်ရှိ ဆရာတော်၊ သံဃာတော်များနှင့် သီလရှင်များ အပါအဝင် ပြည်သူ ၂၃၈၂၀၊ ကျောင်းသား ကျောင်းသူ ၃၂၄၈ ဦး စုစုပေါင်း ၂၇၀၆၈ ဦးတို့အား ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးနှံပြီးဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။

ခရိုင်(ပြန်/ဆက်)