ကသာမြို့တွင် Double Arm လမ်းလယ်မီးတိုင်များ စတင်စိုက်ထူ

ကသာ  ၂၂ နိုဝင်ဘာ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့သည်ခရိုင် မြို့ဖြစ်သည်နှင့်အညီ မြို့၏သန့်ရှင်း သာယာလှပရေးကို အစဉ်တစိုက် ပြုပြင်လုပ်ဆောင်လျှက်ရှိရာ ယခုအခါ ကသာမြို့၏ လမ်းမတော်လယ်တွင် Double Arm မီးတိုက်စိုက်ထူပြီး ဖြစ်ကြောင်း သိရသည်။

 

မီးတိုင်ပေါင်း(၃၀)စိုက်ထူမည်ဖြစ်ပြီး လတ်တလောတွင် (၂၁)တိုင် စတင်စိုက်ထူထားပြီဖြစ်ပြီး ကျန်ရှိ (၉) တိုင်အား စုပေါင်းရုံးကြီးရှေ့တွင် စိုက်ထူသွားမည်ဖြစ်ပြီး မြို့တော်ခန်းမနှင့် ဘီအိုစီကုန်းတက်ကြားတွင်လည်း မီးတိုင်(၁၁)တိုင်ကို ထပ်မံစိုက်ထူသွားမည်ဖြစ်သည်။

 

မီးတိုင်တစ်တိုင်ချင်းစီ၏ အကွာအဝေးမှာ ပျမ်းမျှပေ(၁၀ဝ)ခန့်ဖြစ်ကြောင်း  အဆိုပါ အစီအစဉ် သည် အစိုးရနှင့်ပြည်သူပူးပေါင်းဆောင်ရွက်သည့် စီမံချက်တစ်ခုဖြစ်ပြီး မီးတိုင်တစ်တိုင်၏ ကုန်ကျစားရိတ်မှာ ငွေကျပ် (၁၈)သိန်းကုန်ကျမည်ဖြစ်ကြောင်း သိရသည်။

 

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ငွေကျပ်သိန်း (၃၀ဝ) ထောက်ပံ့ထားပြီး လိုအပ်သည့် ကုန်ကျငွေများအား မြို့နယ်ဒေသခံ မြို့မိမြို့ဖများ၊ လုပ်ငန်းရှင်များ၊ စေတနာတရား ထက်သန်သူများမှ စုပေါင်းထည့်ဝင်လှူဒါန်းထားကြကြောင်း သိရသည်။

 

မီးတိုင်ပေါင်း(၅၀)ခန့် စိုက်ထူသွားနိုင်ရန် ရည်ရွယ်ထားပြီး မြို့အထွက် သံလမ်းကျော် (၄)လမ်းသွားလမ်း အကျယ်အထိ ဆိုပါက ပေ(၁၂၀ဝ၀)ခန့်ရှိသဖြင့် တိုင်ပေါင်း(၇၀)ခန့် ထပ်မံ စိုက်ထူရန် လိုအပ်မည်ဖြစ်သည်။

 

လူအောင်(ကသာ)