ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ကနဉီး မော်တော်ယာဉ်မှတ်ပုံတင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန် ရက်ချိန်းရယူခြင်းအား ကြိုတင်စာရင်းသွင်းသည့်စနစ် (Online Booking System)သို့ ပြောင်းလဲကျင့်သုံးမည်ဖြစ်ကြောင်း အသိပေးကြေညာခြင်း

၁။      ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနသည် Corona Virus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ၏ ခွင့်ပြုချက်အရ ကနဉီး (နေပြည်တော်၊ ရန်ကုန်-ထောက်ကြန့်၊ ရန်ကုန်-ရွာသာကြီး၊ မန္တလေး)ရုံး(၄)ရုံး၏ ကနဉီး မှတ်ပုံတင်ခြင်းလုပ်ငန်းများကို (၁.၁၂.၂၀၂၀)ရက် (အင်္ဂါနေ့)မှစတင်၍ ပြန်လည်ဖွင့်လှစ်ဆောင်ရွက် ပေးသွားမည်ဖြစ်ပါသည်။

 

၂။         ဝန်ဆောင်မှုလုပ်ငန်းများ ပြန်လည်ဖွင့်လှစ်ရာတွင် ပြည်သူများအဆင်ပြေစေရေးနှင့် လူစုလူဝေး မဖြစ်ပေါ်စေရေးအတွက် ကနဉီး မော်တော်ယာဉ်မှတ်ပုံတင်ဆောင်ရွက်ရန် ရက်ချိန်းရယူခြင်းအား ကြိုတင်စာရင်းသွင်းသည့်စနစ် (Online booking System) ဖြင့် (၁.၁၂.၂၀၂၀)ရက် (အင်္ဂါနေ့)မှ စတင်၍ ပြောင်းလဲကျင့်သုံးသွားမည်ဖြစ်ပါသည်။

 

၃။         ကနဉီးမော်တော်ယာဉ် မှတ်ပုံတင်ခြင်းလုပ်ငန်းဆောင်ရွက်လိုသည့် ယာဉ်ပိုင်ရှင်များသည် မိမိ ကနဉီးမှတ်ပုံတင်လုပ်ငန်း ဆောင်ရွက်လိုသည့်နေ့ရက်ကို www.rtad.gov.mm Website တွင် Online booking ကို ၂၈.၁၁.၂၀၂၀ ရက် (စနေနေ့)မှစတင်၍ အနည်းဆုံး(၁)ရက်မှ အများဆုံး (၃၀)ရက်အထိ ကြိုတင်ရယူနိုင်ပါသည်။           

 

၄။         ရုံးဖွင့်ရက်တစ်ရက်လျှင် ရုံးများအလိုက် အောက်ပါစီးရေအတိုင်း အချိန်များခွဲခြား၍ လက်ခံ ဆောင်ရွက်ပေးမည်ဖြစ်ပါသည်-

(စီးရေ)

စဉ်

အကြောင်းအရာ

နံနက်ပိုင်း

နေ့လယ်ပိုင်း

၉:၀၀ မှ ၁၀:၃၀ ထိ

၁၀:၃၀ မှ ၁၂:၀၀ ထိ

၁၃:၀၀ မှ ၁၄:၃၀ ထိ

၁၄:၃၀ မှ ၁၅:၃၀ ထိ

(က)

ကနဉီး(နေပြည်တော်)

၁၀

၁၅

၁၅

၁၀

(ခ)

ကနဉီး(ရန်ကုန်-ထောက်ကြန့်)

၃၅

၃၅

၃၅

၃၅

(ဂ )

ကနဉီး(ရန်ကုန်-ရွာသာကြီး)

၁၀

၁၅

၁၅

၁၀

(ဃ)

ကနဉီး(မန္တလေး)

၁၅

၂၅

၂၅

၁၅

 

၅။        Online အသုံးပြုရန် အသေးစိတ်အချက်အလက်များအား www.motc.gov.mm, www.myanmarrtad.com, www.rtad.gov.mm Website များနှင့် RTADHQ Facebook တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ Online Booking  လျှောက်ထားသည့် Appointment Letter ၌ ကြိုတင် ဖော်ပြထားသည့် COVID-19 ကာကွယ်ရေးဆိုင်ရာ လိုက်နာဆောင်ရွက်ရမည့် အချက်များအား သေချာ စွာဖတ်ရှု၍ တိကျစွာ အလေးထားလိုက်နာ ဆောင်ရွက်ရမည်ဖြစ်ပါသည်။  မရှင်းလင်းသည်များရှိပါက အောက်ပါဖုန်းနံပါတ်များသို့ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင် ပါသည်-

 

နေပြည်တော်

ရုံးချုပ်(နေပြည်တော်)   -          ၀၆၇-၃၄၀၅၀၉၉

ကနဉီး(နေပြည်တော်)  -          ၀၉-၄၄၂၀၀၁၁၁၆

 

ရန်ကုန်တိုင်းဒေသကြီး

တိုင်းဒေသကြီးရုံး(ရန်ကုန်)       -          ၀၁-၅၇၀၉၆၇

ကနဉီး(ထောက်ကြန့်)  -          ၀၉-၅၁၀၇၅၂၆

ကနဉီး(ရွာသာကြီး)      -          ၀၉-၂၅၀၇၅၀၉၁၁

 

မန္တလေးတိုင်းဒေသကြီး

တိုင်းဒေသကြီးရုံး(မန္တလေး)      -          ၀၂-၄၀၃၆၁၁၃

ကနဉီး(မန္တလေး)          -          ၀၉-၄၂၃၃၃၇၂၂၄

 

ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန