ကယားပြည်နယ် ၅ထပ်ဧည့်ရိပ်သာ အဆောက်အဦသစ် ဖွင့်ပွဲအထိမ်းအမှတ်အဖြစ် ဆရာတော်၊ သံဃာတော် အရှင်သူများတို့အား နေ့ဆွမ်းဆက်ကပ်လှူဒါန်း

လွိုင်ကော် ၁ ဇန်နဝါရီ

 

၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေးနှစ် ကယားပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေဖြင့် တည်ဆောက်ခဲ့သည့် ကယားပြည်နယ် ၅ထပ်ဧည့်ရိပ်သာ အဆောက်အဦသစ်ဖွင့်ပွဲ အထိမ်းအမှတ်အနေဖြင့် ဆရာတော် သံဃာတော် အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခြင်းနှင့် အန္တာရာယ်ကင်း ပရိတ်တရားတော် နာယူခြင်းကို ယနေ့ နံနက်  ၁၀ နာရီအချိန်က  လွိုင်ကော်မြို့၊ ဒေါဥခူရပ်ကွက်ရှိ ပြည်နယ်အစိုးရအဖွဲ့ (၅) ထပ် ဧည့်ရိပ်သာတွင်ကျင်းပ ပြုလုပ်သည်။

 

 

ဆက်လက်ပြီး ကယားပြည်နယ်အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးအယ်လ်ဖောင်းရှိုနှင့်ဇနီး၊ ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ် ဦးကျော်လင်းမောင်၊ ပြည်နယ်လွှတ်တော် ဒုဥက္ကဋ္ဌ ဦးတင်မြင့် နှင့်ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးတို့က သံဃာတော်အရှင်သူမြတ်တို့ထံ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

 

 

ယင်းနောက် ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်တို့က ဆရာတော်သံဃာတော် အရှင်သူမြတ်တို့အား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။

 

 

ထွန်းလေး